November 1, 2024

၂၆ .၅ . ၂၀၂၄
Written by MMAK

◾အတ္တလန်တာ Vs တိုရီနို

နှစ်သင်းလုံး အမှတ်မလိုကြတဲ့အတွက် ဂုဏ်သိက္ခာအရသာ ယှဉ်ပြိုင်ကစားကြမှာပါ။ ယူရိုပါလိဂ်ဖလားကို ပူပူနွေးနွေးရထားတဲ့ အတ္တလန်တာအသင်းကို အဝေးကွင်းတိုရီနိုက ပြားငါးဆယ်အရှုံးကြေးကြောပြန်ပေးထားတာ တွေ့ရပါတယ်။ ကြေးပြောင်းပြန်ပေါက်နေတဲ့ ပွဲလို့ပြောလို့ရပြီး တကယ်က အိမ်ရှင်အတ္တလန်တာက ကြေးပေးရမှာပါ။ အမှတ်မလိုတဲ့ အတ္တလန်တာအသင်း လူငယ်ကစားသမားတွေ အရံကစားသမားတွေ ပွဲထုတ်လာမှာမို့ ကြေးပြောင်းပြန်ပေါက်နေတာ ဖြစ်နိုင်ပေမဲ့ အိမ်ကွင်းမှာ အရှုံးပေးမယ်ဆိုရင်တောင် သွင်းဂိုးတွေတော့ သွင်းယူပါလိမ့်မယ်။ ကြေးကြောပြန်ပေးထားတဲ့ တိုရီနိုအသင်းဂိုးရမယ်ဆို အိမ်ရှင်အတ္တလန်တာအသင်းလည်း ဂိုးပြန်ရမှာ သေချာပါတယ်။ တိုက်စစ်ဖွင့်ကစားမှာ ဖြစ်တာကြောင့် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်လို့ ယူဆလို့ရပြီး ပေါက်ကြေးအရလည်း သွင်းဂိုးနှစ်ဖက်ဂိုးသွင်းမဲ့ပွဲလို့ ထင်ပါတယ်။ ဂိုးပေါ် တစ်မျိုးတည်း ရွေးစေချင်ပါတယ်။

◾နာပိုလီ Vs လက်ချီ

နာပိုလီအသင်း ခြောက်ပွဲဆက် နိုင်ပွဲပျောက်ထားသလို အသင်းရဲ့ခြေစွမ်းက ဘယ်လိုမှယုံစားလို့မရပါဘူး။ ဥရောပဝင်ခွင့်တစ်နေရာလည်း မမှီတော့တာကြောင့် ကပ်နိုင်လို့ရပြီး သရေကျလည်း ဘာမှမဖြစ်သလို ရှုံးရင်လည်း ဘာမှမဖြစ်ပါဘူး။ ဂုဏ်သိက္ခာအရ အိမ်ကွင်းနောက်ဆုံးပွဲမှာ အနိုင်နဲ့ပိတ်သိမ်းဖို့အတွက် ကြိုးစားလာမှာ မှန်ပေမဲ့ အိုစီမန်မပါနိုင်သလို ယုံစားလို့မရတဲ့ ခြေစွမ်းနဲ့ တိုက်စစ်က ဂိုးပြတ်နိုင်ပါ့မလားဆိုတာ ယုံချင်စရာမကောင်းပါဘူး။ နာပိုလီအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်ရှုံးထိ ပေးထားတာဟာ ကြေးပြင်းတယ်လို့ ယူဆလို့ရပေမဲ့ ဂိုးပြတ်နိုင်ပါ့မလား တွေးပူရသလို လက်ချီအသင်းကသာ တစ်ဂိုးလောက်ရသွားရင် နာပိုလီအသင်း သုံးဂိုးပြန်သွင်းနိုင်မယ်လို့ မထင်ပါဘူး။ နာပိုလီအသင်းရဲ့ ခြေစွမ်းကို မယုံတာကြောင့် လက်ချီအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾အမ်ပိုလီ Vs ရိုးမား

အိမ်ရှင်အမ်ပိုလီအသင်း တန်းမဆင်းချင်ဘူးဆိုရင် အမှတ်မလိုတဲ့ရိုးမားအသင်းကို သေချာပေါက် အနိုင်ကန်ရပါလိမ့်မယ်။ အနိုင်ကန်နိုင်မယ်ဆိုရင် သေချာပေါက် တန်းမဆင်းရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အထက်က တန်းဆင်းဇုန်ပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ ဖရိုစီနိုနီနဲ့ အူဒီးနီးအသင်း ထိပ်တိုက်တွေ့နေတာကြောင့် သူတို့သာ နိုင်မယ်ဆိုရင် တန်းမဆင်းရဖို့ သေချာနေပါတယ်။ ရိုးမားအသင်းက အမှတ်မလိုတော့တာကြောင့် အရံကစားသမားတွေ လူငယ်ကစားသမားပွဲထုတ်လာပြီး ဒီပွဲကို အရှုံးပေးလာနိုင်သလို လုပ်ပွဲအများဆုံးကစားတဲ့ စီရီးအေမှာ အမ်ပိုလီအသင်းနိုင်သွားပါလိမ့်မယ်။ ပြားခြောက်ဆယ်အရှုံးကြေးကြော ပြန်ပေးထားတဲ့ အိမ်ရှင်အမ်ပိုလီအသင်း အနိုင်ရမှတန်းမဆင်းရမှာဖြစ်တာကြောင့် နိုင်အောင်ကန်သွားပါလိမ့်မယ်။

◾ဖရိုစီနိုနီ Vs အူဒီးနီး

အိမ်ရှင်ဖရိုစီနိုနီအသင်း မရှုံးဘူးဆိုရင် တန်းမဆင်းရဖို့ သေချာနေသလို အူဒီးနီးအသင်းကလည်းတစ်ချိန်တည်းကစားမဲ့ တစ်ဖက်က အမ်ပိုလီအသင်းရဲ့ ရလဒ်ကိုစောင့်ကြည့်ရမှာဖြစ်ပေမဲ့ အမ်ပိုလီအသင်းသာ နိုင်ခဲ့ရင်အူဒီးနီးအသင်းက တန်းဆင်းရမှာပါ။ ဒီအတွက်ကြောင့် ယူဒီးနီးအသင်းက သရေကျလို့တောင်မရဘဲ အနိုင်ရဖို့ထိ ကစားရမှာပါ။ အိမ်ရှင်ဖရိုစီနိုနီအသင်းကတော့ သရေကျရင်တောင် တန်းမဆင်းရမှာ ဖြစ်တဲ့အတွက် ထိန်းကစားလာနိုင်ပါတယ်။ အမ်ပိုလီနဲ့ရိုးမားပွဲမှာ အမ်ပိုလီအသင်း နိုင်သွားမယ်လို့ ပြောခဲ့တာကြောင့် အူဒီးနီးအသင်းအနေနဲ့ တန်းမဆင်းချင်ဘူးဆိုရင် ဖရိုစီနိုနီကို အနိုင်ကန်ရမှာပါ။ ယူဒီးနီးအသင်းက အနိုင်ရဖို့လိုအပ်တဲ့ အခြေအနေထိ ရောက်လာနိုင်တာကြောင့် သရေကျလို့ကိုမရပါဘူး။ ဒီပွဲမှာ အိမ်ရှင်ဖရိုစီနိုနီအသင်းက ပြားသုံးဆယ်အရှုံး ပြန်ပေးထားတာတွေ့ရပြီး သရေဆိုရင်တောင် ပြားသုံးဆယ်စားရမဲ့ ယူဒီးနီးအသင်းကို ရွေးသင့်ပါတယ်။

◾လာဇီယို Vs ဆက်ဆူအိုလို

စီးရီးအေမှာ ဆယ်နှစ်လောက်ကျင်လည်ခဲ့တဲ့ ဆက်ဆူအိုလိုအသင်း အခုရာသီမှာတော့ စီးရီးဘီကို တန်းဆင်းသွးခဲ့ရပြီဖြစ်ပါတယ်။ ဒီရာသီမှာ ဆက်ဆူအိုလိုအသင်းရဲ့ အမှားက တိုက်စစ်အသားပေးတတ်တဲ့ ကစားပုံမျိုးဖြစ်တာကြောင့် ခံစစ်ကပေးဂိုးတအားများနေရခြင်းဖြစ်ပါတယ်။ ခံစစ်မလုံတော့ ပေးဂိုးတွေအများကြီးပေးရပြီး ရှုံးပွဲများခဲ့တာကြောင့် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ် ။ နှစ်သင်းလုံး ဘာမှအရေးမကြီးတော့တာကြောင့် ဂုဏ်သိက္ခာအရသာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အိမ်ရှင်လာဇီယိုအသင်းကဘဲ အနိုင်ရသွားမယ် ထင်ပါတယ်။ လာဇီယိုအသင်းရဲ့ခြေစွမ်း တည်ငြိမ်တယ်လို့ပြောလို့ရပြီး တိုက်စစ်က ပွဲတိုင်းဂိုးသွင်းထားနိုင်တာတွေ့ရပါတယ်။ ဆက်ဆူအိုလိုအသင်းရဲ့ခံစစ်က စိတ်မချရတာကြောင့် တစ်လုံးကိုးဆယ်အရှုံးထိ ပေးထားတဲ့ လာဇီယိုအသင်း ကြေးအောင်သွားပါလိမ့်မယ်။ အိမ်ရှင်လာဇီယိုကိုပဲ ကြိုက်ပါတယ် ။

◾ဆီဗီးလား Vs ဘာစီလိုနာ

နှစ်သင်းလုံး အမှတ်မလိုကြသလို ဂုဏ်သိက္ခာအရ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပေမဲ့ နှစ်သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ပေါ့ပေါ့တန်တန်မကစားဘဲ အားထည့်ယှဉ်ပြိုင်ကြမှာပါ။ အိမ်ရှင်ဆီဗီးလားအသင်းက သုံးပွဲဆက် ရှုံးပွဲတွေ့ထားပြီး ဘာစီလိုနာအသင်းက သုံးပွဲဆက်နိုင်ပွဲရကာ သုံးပွဲလုံးပေးဂိုးလုံးဝမရှိပါဘူး။ သုံးပွဲဆက်နိုင်ထားတဲ့ ဘာစီလိုနာအသင်းကို ထိုးသားအများစု အကြိုက်တွေ့နေကြပြီး တစ်လုံးခုနှစ်ဆယ်စားဆိုတဲ့ ဘော်ဒီပေါက်ကြေးမှာ သရေတစ်ပေါက်ရှိနေသလို ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးပေးထားတာကြောင့် ဒီပွဲဟာ ဘာစီလိုနာနဲ့ ဂိုးပေါ် နှစ်ခုလုံးစုံမအောင်နိုင်ပါဘူး။ နှစ်ခုလုံးကျသွားနိုင်တာမျိုးတောင် ဖြစ်နိုင်တာကြောင့် လူကြိုက်များတဲ့ ဘာစီလိုနာအသင်းကို လက်ရှောင်ချင်ပြီး အိမ်ရှင်ဆီဗီးလား ဘော်ဒီနဲ့ ဂိုးအောက် စုံအောက်နေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *