October 23, 2024

MT News

Written by Min Mahar

ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ထားသည့်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းအား ငါန်းဇွန်မြို့နယ်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် ယနေ့နံနက် ၈ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောကျေးရွာလမ်းခွဲအနီး ငါန်းဇွန်-ငါန်းမြာကြီးသွား ကားလမ်းဘေးတွင် ဦးခေါင်းနောက်စေ့ကို ကျည်ဖောက်ဝင်ထားသည့်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းအားတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဘယ်သူကသတ်ပြီး ကားလမ်းဘေးမှာ လာပစ်သွားလည်းမသိပါဘူး။ ရွာသားတစ်ဦးကတွေ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားလိုက်တာ။ ရဲနဲ့စစ်သားတွေရောက်လာပြီး အလောင်းကို သယ်သွားကြတယ်။ သေနတ်နဲ့ခေါင်းကို ပစ်သတ်ခံရတာလို့ကြားတာပဲ”ဟု အခင်းဖြစ်ရာအနီးနေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါသေဆုံးနေသော အမျိုးသားသည် အသက် ၃၅ နှစ်ခန့်ရှိကာ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးလျက်ရှိနေပြီး ၎င်း၏အနီးမှ RTA တံဆိပ်ပါ ၅.၅၆ ကျည်အမျိုးအစား ကျည်ခွံ(၁)ခုလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *