November 1, 2024

၂၆.၅.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီ၊ ဇေယျာသီရိမြို့နယ်၊ EPC ဂိတ်အရှေ့တွင် ဇနီးမောင်နှံနှစ်ဦးစီးနှင်လာသည့်ယာဥ်မှာ အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားတိုက်မိရာက အမျိုးသားသေဆုံးပြီး အမျိုးသမီးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၂၅ ရက် ည ၆ နာရီအချိန်ခန့်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာတွင် တည်ရှိသည့် လှေခွင်းတောင်မှ ပြန်လာသည့် အိမ်စီးယာဥ်တစ်စီးမှာ အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မိရာ ဒဏ်ရာရရှိသူများကို ဇမ္ဗူသီရိမြို့နယ်၊ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ရာ ထိုဆေးရုံအရောက်တွင် အမျိုးသားမှာသေဆုံးပြီး အမျိုးသမီးမှာဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“မိုးကနည်းနည်းပဲရွာတာ။ သူတို့က လင်မယားတွေ။ အမျိုးသားကတော့ ဆေးရုံမှာဆုံးသွားတယ်။ အမျိုးသမီးကတော့ ဒဏ်ရာရတယ်”ဟု လူမှု ကရုဏာရှင်အသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

သေဆုံးသည့် အမျိုးသားမှာ အသက် (၃၅ နှစ်) ဝန်းကျင်ရှိပြီး၊ အမျိုးသမီးမှာ မျက်နှာနှင့်လက်မောင်းတို့တွင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကရုဏာရှင်အသင်း

Leave a Reply

Your email address will not be published. Required fields are marked *