MT News
၂၆. ၅. ၂၀၂၄
နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် ကုန်သွယ်မှုမှာ ဘင်္ဂလားဒေ့ရှ် တာကာနဲ့ မြန်မာကျပ်တို့အကြား တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ဖို့နဲ့ ကုန်သွယ်မှုကို အထောက်အကူပြုတဲ့ ဘဏ်လုပ်ငန်းကဏ္ဍ ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်ဖို့အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain ကို နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံပြီး တာကာ/ကျပ် တိုက်ရိုက်ပေးချေရေး ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုအဆင်ပြေစေဖို ယွမ်-ကျပ်၊ ဘတ်-ကျပ် တိုက်ရိုက်ပေးချေတာကို ခွင့်ပြုထားပြီးလည်းဖြစ်သလို အိန္ဒိယနိုင်ငံနဲ့လည်း ရူပီး – ကျပ် တိုက်ရိုက်ပေးချေမှုကို ဖေဖော်ဝါရီလထဲမှာ စတင်ခဲ့ပြီး ခွင့်ပြုချက်ရဘဏ်အဖြစ် အိန္ဒိယဘက်က Punjab National ဘဏ်နဲ့ မြန်မာဘက်က UAB ဘဏ်၊ CB ဘဏ်တို့ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။