October 23, 2024

MT News

Written by Nay Aung

ကမ္ဘာဖလားချန်ပီယံဆု ရယူနိုင်ခဲ့သလို ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို ၇ ကြိမ်တိုင် ရယူထားနိုင်တဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီရဲ့ ပုံတူ ရုပ်တု၊ ရုပ်ပုံတွေကို မြေပြင်မှာသာ စိုက်ထူချိတ်ဆွဲမှု အများဆုံးပြုလုပ်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်က မက်ဆီရဲ့ပရိသတ်တွေကတော့ မက်ဆီရဲ့ပုံတူ သစ်သားရုပ်ပုံကို ပင်လယ်ထဲမှာ ပထမဆုံးအကြိမ်စိုက်ထူခဲ့တယ်လို့ သိရပါတယ်။

ကီရာလာပြည်နယ်က ပရိသတ်တွေဟာ အမြင့် ပေ ၁၀၀ ရှိတဲ့ မက်ဆီရဲ့ ပုံတူသစ်သားရုပ်ပုံကို အာရေဗျပင်လယ်ရဲ့ ရေအောက်ကြမ်းပြင်မှာ စိုက်ထူခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်ကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ရာ ပရိသတ်အများ အပြား အံအားသင့်လျက်ရှိနေကြောင်း သိရပါတယ်။

ကီလာရာပြည်နယ်က မိုဟာမက် ဆဝါဒစ် အမည်ရှိ အိန္ဒိယနိုင်ငံသားဟာ သူငယ်ချင်းမိတ်ဆွေများနဲ့အတူ မက်ဆီပုံတူ သစ်သားရုပ်ပုံကို အာရေဗျ ပင်လယ် ရေအောက် ကြမ်းပြင်နားမှာ စိုက်ထူခဲ့တာပါ။

အာဂျင်တီးနားဘောလုံးအသင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ ဆဝါဒစ်နဲ့ သူငယ်ချင်းတွေဟာ မက်ဆီပုံတူ သစ်သားရုပ်ပုံကို လှေပေါ်တင်ပြီး ပင်လယ်ထဲကိုသွားခဲ့ပါတယ်။ မက်ဆီပုံတူ သစ်သားရုပ်ကို သူတို့စိုက်ထူလိုတဲ့နေရာ

အရောက်မှာ ရေထဲကိုငုပ်ကာ မက်ဆီပုံတူ သစ်သားရုပ်တုကို ယူဆောင်သွားခဲ့ပြီး ပင်လယ်ရေအောက်ရှိ ကျောက်ဆောက်ကျောက်တန်းများကြားမှာ ဒီဇင်ဘာ ၁၆ ရက်က စိုက်ထူခဲ့တာလို့ အိန္ဒိယသတင်းတွေကဖော်ပြပါတယ်။

မိုဟာမက် ဆဝါဒစ်က ” ခရိုအေးရှားနဲ့ အာဂျင်တီးနားအသင်းတို့ကစားတဲ့ ကမ္ဘာဖလားအကြိုဗိုလ်လုပွဲစဉ်အပြီးမှာ သူငယ်ချင်းတွေနဲ့အတူ ဘရီယာနီပွဲကို စီစဉ်ခဲ့တယ်။ အဲဒီပွဲမှာ မက်ဆီရဲ့ ပုံတူ သစ်သားရုပ်ပုံကို ပင်လယ်ရေအောက်မှာ စိုက်ထူမယ့် ဆုံးဖြတ်ချက်ကိုကြေညာခဲ့တယ်” လို့ပြောပါတယ်။

ပြင်သစ်နဲ့ကစားတဲ့ ကမ္ဘာဖလားနောက်ဆုံးဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်း အနိုင်ရသွားခဲ့ပြီး မက်ဆီမှာလည်း ကမ္ဘာဖလားချန်ပီယံဆုကို ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။

Ref, NDTV

Leave a Reply

Your email address will not be published. Required fields are marked *