October 23, 2024

ဆိုင်ကယ်လုယက်သူများက ဓားဖြင့် အခုတ်ခံရသူ လူငယ်၏ ထိခိုက်မှုကို တွေ့ရစဥ်(ဓာတ်ပုံ-မဟာလူမှုကယ်ဆယ်ရေး)

MT News

Written by Naing Thuta

အုပ်စုဖွဲ့လုယက်သည့် လူတစ်စုက အမျိုးသားနှစ်ဦးကို ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်ရန်ကြိုးပမ်းမှု မန္တလေးတွင် ဒီဇင်ဘာ ၁၈ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဧသုခရပ်ကွက်၊ စိန်ပန်းရပ်(ဒေသခေါ်)၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ ၉၁ လမ်းပေါ်တွင် ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီကျော်က Scoopy ဆိုင်ကယ် မောင်းနှင်လာသော လူငယ်အမျိုးသားနှစ်ဦးထံမှ ဆိုင်ကယ်နှစ်စီးဖြင့်လာရောက်သည့် လူ ၄ ဦးက ဆိုင်ကယ်လုယူရန်အတွက် လက်မောင်းအားဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

” Scoopy ဆိုင်ကယ်နဲ့ လူငယ်နှစ်ယာက်ကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်က ဓားနဲ့ဆင်းခုတ်ပြီး ဆိုင်ကယ်ကိုလုယက်ဖို့ ကြိုးစားကြတာဖြစ်တယ်။ အချိန်ကစောသေးတော့ လူအသွားအလာကမပျက်သေးတော့ ဘေးကလူတွေ ဝိုင်းလာလို့ လုယက်တဲ့သူတွေက ထွက်ပြေးသွားကြတာ။ လူတွေက အစကတော့ လူငယ်အချင်းချင်းရန်ဖြစ်နေကြတယ်ပဲ ထင်ကြတာပါ။ ပြန်ခုခံလို့ ဆိုင်ကယ်မပါသွားတာ။ ဒါပေမဲ့အလုခံရတဲ့လူငယ်နှစ်ယောက်ထဲက တစ်ယောက်ရဲ့လက်မောင်းက အခုတ်ခံလိုက်ရတာ တော်တော်နက်တယ်”ဟု အခင်းဖြစ်တဲ့နေရာအနီးတွင်နေထိုင်သူက MT News သို့ ပြောသည်။

အဆိုပါဓားဖြင့်ခုတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသောအမျိုးသားအား မန္တလေးပြည်သူ့ဆေးရုံကြီး(OPD)ဌာနသို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ ယာဉ်ဖြင့်ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *