October 18, 2024

◾ မြန်မာ ယူ ၁၂ အသင်းအား ဘာစီလိုနာ၊ ဂျူဗီတပ်စ်၊ ဂျပန်အသင်းများပါဝင်မည့် ယူ ၁၂ နိုင်ငံတကာ ဖိတ်ခေါ် လူငယ်ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်မည်

၂၅. ၅. ၂၀၂၄
Written by Thettant

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လူငယ်ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အကယ်ဒမီကျောင်းများ ဖွံ့ဖြိုးရေးနှင့် လူငယ်အသင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရေးအတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA)နှင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက် နားလည်မှုစာချွန်လွှာ (MOU)အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

JFA ရုံးချုပ်တွင် မေလ ၂၂ ရက်က ပြုလုပ်ခဲ့သည့် MOU ရေးထိုးခြင်းအခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် AFC Senior Vice President ဦးဇော်ဇော် (ဥက္ကဋ္ဌ၊ MFF) နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် JFA ဥက္ကဋ္ဌ Tsuneyasu Miyamoto တို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပြီး MOU ကာလ (၃)နှစ် ကနဦးထားရှိရန် သဘောတူခဲ့ကြသည်။

MOU အရဆောင်ရွက်မည့်လုပ်ငန်းစဥ်များမှာ မြန်မာ့ဘောလုံးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒိုင်များ၏အရည်အသွေးတိုးမြှင့်ရေးနှင့် အမျိုးသမီးလိဂ်များအ​ဝင် အမျိုးသမီးဘောလုံးအသင်းနှင့် လူငယ်ဘောလုံးသမားများ ဖွံ့ဖြိုးရေးတို့ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာလူငယ် ယူ ၁၂ အသင်းအား ဘာစီလိုနာ၊ ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များ ပါဝင်ယှဉ်ပြိုင်မည့် ယူ ၁၂ နိုင်ငံတကာ ဖိတ်ခေါ်လူငယ်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်မည်ဖြစ်သည်ကြောင်းလည်း သိရသည်။

Photo : JFA

Leave a Reply

Your email address will not be published. Required fields are marked *