October 23, 2024

MT News

ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် မိုင်းထောင်ဖောက်ခွဲခံရမှုအပေါ် အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးများက လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှအပ ကျန်သုံးဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့သူများမှာ PDF များ၏ အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း အတိအလင်းဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *