၂၄.၅.၂၀၂၄
Translated by Htwe Ko Tun
ချက်သမ္မတနိုင်ငံ၏ သမ္မတဖြစ်သူ အသက် ၆၂ နှစ်ရှိ Petr Pavel မှာ ၎င်း၏ ပြိုင်ပွဲဝင် BMW မော်တော်ဆိုင်ကယ်ကို ပရာ့ဂ်မြို့၌ စီးနင်းနေစဉ် ထိခိုက်ဒဏ်ရာရမှုများဖြစ်၍ မေလ ၂၃ ရက်က ဆေးရုံသို့တင်ခဲ့ရကြောင်း သမ္မတရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
သမ္မတ Petr Pavel မှာ BMW R1200 GS ပြိုင်ပွဲဝင်ဆိုင်ကယ်ကိုစီးနင်းနေစဉ် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး အနီးဆုံးဆေးရုံတစ်ခုသို့ တင်ပို့ခဲ့ရကြောင်းလည်း သိရသည်။
ထိုအဖြစ်အပျက်က ယာဉ်မတော်တဆမှုတစ်ခုမဟုတ်ဘဲ တစ်ဦးချင်းစီးနင်းမှုသာဖြစ်၍ စုံစမ်းစစ်ဆေးမည်မဟုတ်ကြောင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။ သမ္မတရုံးတာဝန်ရှိသူများကလည်း သမ္မတရရှိခဲ့သောဒဏ်ရာများမှာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်း၊ သို့သော် ဆေးရုံမှမဆင်းမီ ဂရုတစိုက်စောင့်ကြည့် ကုသပေးမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။
ယခင်နေတိုးအုပ်စု၏ ဗိုလ်ချုပ်ကြီးလည်းဖြစ်သော ချက်သမ္မတ Petr Pavel က ပြိုင်ပွဲဝင် မော်တော်ဆိုင်ကယ်များစီးခြင်းကို ဝါသနာပါစွဲလမ်းသူဖြစ်ပြီး ဤဝါသနာကြောင့်လည်း ၎င်းအား ထိခိုက်စေသည်မှာ ယခုအခါက ပထမအကြိမ်မဟုတ်ကြောင်းလည်း သိရသည်။၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း ၎င်းက ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲစီးနင်းခဲ့၍ လူသိရှင် ကြားတောင်းပန်ခဲ့ရသေးသည်။
Petr Pavel က နေတိုးအုပ်စု ဗိုလ်ချုပ်ကြီးအဖြစ်မှအနားယူပြီးနောက် ၂၀၂၃ ခုနှစ် မတ်လတွင် ချက်နိုင်ငံ၏ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။
Ref-Daily Mail