၂၄. ၅. ၂၀၂၄
Written by Ye Kyaw
MNA လေကြောင်းလိုင်းမှ ယာယီရပ်နားထားသော ငပလီကမ်းခြေသို့ တိုက်ရိုက်ရောက်ရှိသည့် ရန်ကုန်-သံတွဲ လေကြောင်းခရီးစဉ်အား ဇွန်လ ၂ ရက်မှစတင်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ သိရသည်။
“ရန်ကုန်-သံတွဲက ဇွန်လ ၂ ရက်မှာ စရှိမှာ။ တစ်ပတ်ကိုတစ်ကြိမ် တနင်္ဂနွေနေ့ပဲ ဆွဲတာ။ လက်မှတ်ခကတော့ ၁၈၇,၀၀၀ ပါ” ဟု MNA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ငပလီကမ်းခြေသို့ တိုက်ရိုက်ရောက်ရှိသည့် ရန်ကုန်-သံတွဲ လေကြောင်းလိုင်းခရီးစဉ် ယာယီရပ်နားထားခဲ့ရပြီး လာမည့် ဇွန်လ ၂ ရက်မှသာ ပြန်လည်ပျံသန်းပြေးဆွဲနိုင်ခြင်းဖြစ်သည်။
အဆိုပါ ရန်ကုန်-သံတွဲခရီးစဉ်အား ယာယီမရပ်မနားမီအချိန်တွင် လက်မှတ်ဈေးနှုန်းမှာ ကျပ် ၁၆၅,၀၀၀ သာ ရှိသော်လည်း ယခုပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျပ် ၁၈၇,၀၀၀ ဖြစ်သည့်အတွက် လက်မှတ်ဈေးနှုန်း ကျပ် ၂၀,၀၀၀ ကျော် မြင့်တက်သွားကြောင်း သိရသည်။