October 18, 2024

၂၀. ၁၂.၂၀၂၂

Written By Naddy

တစ်လတွင် တေးသီချင်းနှစ်ပုဒ်ထွက်ရန် အကောင်းဆုံး ကြိုးစားနေသည့် အဆိုတော် စိန်လင်းသည် ယခု ဒီဇင်ဘာလကုန်ပိုင်းအတွင်း အသည်းကွဲပုံစံ နှစ်ယောက်သားချစ်ခဲ့ကြတာ “‌‌ဝေးဖို့လား” သီချင်းသစ် ထွက်ရှိမည်ဖြစ်ကြောင်း Myanmar Transparency News သို့ပြောသည်။

“ဒီသီချင်းကို အမှန်တော့ ကိုဗစ်စမဖြစ်ခင် ကတည်းက အပ်ထားတာပါ။ ကိုဗစ်တွေပြီးတော့ ဒီသီချင်းက လက်ထဲရောက်နေပြီပေါ့။ မထွက်ဖြစ်ဘဲ ကြာနေခဲ့တာပါ။

တစ်ယောက်နဲ့ တစ်ယောက်က ချစ်ခဲ့ကြတယ်။ ကောင်မလေးက ကိုယ့်ကို မလိုတဲ့အချိန်မှာ အခြားတစ်ယောက်ဆီ ရောက်သွားတယ်။ အရင်က ချစ်ခဲ့တာက ‌‌ဝေးဖို့အတွက် ချစ်ခဲ့ကြတာလားပေါ့။ အသည်းကွဲပုံစံ သီချင်းလေးပါ”ဟု ၎င်းက ပြောသည်။

ယင်းသီချင်းကို တေးရေးဆရာ ဗျတ္တရေးပေးသားပေးထားပြီး R & B Music အမျိုးအစားဖြစ်ကာ မကြာခင် ရက်ပိုင်းတွင် ဖြန့်ချိသွားမည် ဖြစ်သည်။ Music Video ကို အဆိုကဒ် ပုံစံ U G Entertainment မှ ဒါရိုက်တာ အောင်နေရဲက ရိုက်ကူးထား‌ကြောင်း သိရသည်။

“ကျွန်တော်ထွက်ခဲ့တဲ့ သီချင်းတွေကို ကိုဗျတ္တ နားထောင်ကြည့်လို့ ခုလိုသီချင်းကပုံစံလေး မရှိသေးလို့ ဒီပုံစံတစ်မျိုးလေး ရေးပေးထားတာပါ။ အစ်ကို အရမ်းမိုက်တယ်။ ဆိုကြည့်ပါ နားထောင်ကြည့်တော့ ကြိုက်သွားတယ်။ သီချင်းလေး နည်းနည်းခက်တယ် ဆိုရတာလည်း ပညာသားပါပါတယ်။ ကိုဗျတ္တပေးပေးချင်း သီချင်းက ကိုယ့်အတွက် တာဝန်ကြီးတယ်။ မတူညီတဲ့ စတိုင်လေးဆိုထားပါတယ် ။ Music Box Studio မှာပဲ အသံသွင်းခဲ့ပါတယ်” ဟု အဆိုတော် စိန်လင်းက ဆက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *