၂၃. ၅. ၂၀၂၄
Photo & Written by TZ
နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေး၊ ထက်လူပိုးထည်ရိုးရာချည်ထည် မျက်နှာချင်းဆိုင်အရှေ့တွင် ဖွင့်လှစ်ထားသည့် EV တက္ကစီယာဥ်ကို ငှားရမ်းပါက တစ်နာရီကို ကျပ် ၁၅၀၀၀ မှ ကျပ် ၂၀၀၀၀ အကြား ကျသင့်မည်ဖြစ်သည်။
နေပြည်တော်အတွင်း EV တက္ကစီယာဥ်များငှားရမ်းပါက အနီရောင် BYD ယာဥ်မှာ တစ်နာရီကို ကျပ် ၂၀၀၀၀ ဖြစ်ပြီး၊ MG5 ယာဥ်မှာ တစ်နာရီကို ကျပ် ၁၅၀၀၀ ဖြစ်ကြောင်း၊ ၎င်းယာဥ်များကို ငှားရမ်းစီးပါက တစ်နာရီမှသုံးနာရီအနည်းဆုံး ငှားရမ်းနိုင်ရမည်ဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။
အဆိုပါ သပြေကုန်းစျေးအနီးရှိ EV Charging Station မှာ မနက် ၉ နာရီခွဲမှ ည ၇ နာရီခွဲအချိန်ထိ ဖွင့်လှစ်ထားပြီး စုစုပေါင်း EV ယာဥ်မှာ ၁၅ စီးရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်အတွင်းရှိ EV Charing Station သုံးနေရာအနက် မြို့မစျေးအနီးရှိ Denko ဆီဆိုင်အနားမှ EV Charing station မှာ ဆောက်လုပ်ဆဲဖြစ်သည်။
ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေးအနီးရှိ EV Charging Station ကို ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဖွင့်လှစ်ထားရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှစကာ နေပြည်တော်ကောင်စီနယ်အတွင်း EV တက္ကစီ ၁၀ စီးဖြင့် စတင်စမ်းသပ်ပြေးဆွဲမှု ပြုလုပ်ခဲ့သည်။