October 21, 2024

အမေရိကန်သံရုံးကလည်း ဘင်္ဂါလီများအပေါ်ကျူးလွန်သည့်လက်နက်ကိုင်များ ပိတ်ဆို့အရေးယူမည်ဟု ခြိမ်းခြောက်

၂၃. ၅. ၂၀၂၄
Written by Nay Moe

ဘင်္ဂါလီတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် သတ်ဖြတ်လုယက်မှုပါ ကျုးလွန်နေတဲ့ AA လက်နက်ကိုင်အဖွဲ့လုပ်ရပ်ကို ရှုတ်ချတယ်လို့ နိုင်ငံတကာရောက် ဘင်္ဂါလီအဖွဲ့အစည်း ၃၀ ခန့်က ကြေညာချက်ထုတ်ထားပါတယ်။

AA ရဲ့ လုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်က ဘင်္ဂါလီရွာတွေဟာ စစ်တလင်းဖြစ်နေသလို မေလ ၁၇ ရက်ညမှာလည်း ဘူးသီးတောင်မြို့က ဘင်္ဂါလီနေအိမ်တွေကို လုယက်မှုကျုးလွန်ပြီး မီးတင်ရှို့လိုက်တာကြောင့် ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေပါဝင်တဲ့ ဘင်္ဂါလီသောင်းချီဟာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA ရဲ့ ရက်စက်ယုတ်မာတဲ့ ကျုးလွန်မှုတွေကို ဘင်္ဂါလီအဖွဲ့အစည်းတွေကရှုတ်ချတယ်လို့ ကြေညာထားသလို အမေရိကန်သံရုံးကလည်း ဘင်္ဂါလီတွေကို နှိပ်စက်ကလူပြုနေတဲ့ AA နဲ့ AA ဘက်က ဝင်တိုက်ပေးနေတဲ့ လက်နက်ကိုင်တွေကို ဒဏ်ခတ်အရေးယူမယ်လို့လည်း ကြေညာထားပါတယ်။

(မှတ်ချက်။ မူရင်းထုတ်ပြန်ချက်များတွင် မြန်မာနိုင်ငံက လက်မခံသော ရိုဟင်ဂျာဟုသုံးနှုန်းထား)

Leave a Reply

Your email address will not be published. Required fields are marked *