October 20, 2024

၂၃. ၄. ၂၀၂၄
Written by Thettant

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ မီးချောင်းတင်ကျေးရွာက ဦးသန်းဇော်ဟာ ထန်းပင်ကုန်းရွာအရှေ့ အုန်းတောကျွန်းစိုက်ခင်းအနီးကို ဖောကားနဲ့ လာရောက်ချိန် မေလ ၂၂ ရက် ညနေ ၄ နာရီတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ဗျူဟာစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။

သာယာဝတီ PDF က ဦးသန်းဇော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို မောင်းနှင်လာတဲ့ ဖောကားကိုပါ မီးရှို့ဖျက်ဆီးလိုက်တဲ့အပြင် မိုလ်ဘိုင်းဖုန်း၁လုံးနဲ့ မှတ်ပုံတင် ၁ ခုကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

ဦးသန်းဇော်ဟာ ပျုစောထီးဖြစ်ပြီး ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ထံ မမှန်သတင်းပေးဖမ်းဆီးခိုင်းတာ၊ PDF တွေရဲ့ သတင်းတွေ ထောက်လှမ်းပေးပို့တာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရိုးမပေါ် သွားလာရေးအတွတ် ကားနဲ့ အကြိုအပို့လုပ်ဆောင်ပေးနေသလို ရိုးမအတွင်းက သစ်ခိုးထုတ်မှုတွေ လုပ်ဆောင်နေတာကြောင့် စစ်တပ် ထောက်တိုင်အဖြစ် သတ်မှတ်အရေးယူရတာလို့ ဦးသန်းဇော်ကို သတ်ဖြတ်လိုက်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အကြောင်းပြချက်ပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန်ကိုတော့ MT News က အတည်မပြုနိုင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *