October 20, 2024

၂၃.၅.၂၀၂၄
Written by Nay Moe

စစ်ကိုင်းမြို့ပေါ်က အခွန်ဝန်ထမ်းတွေကို မေလ ၂၁ ရက်ညနေပိုင်းက ဝန်ထမ်းဆက်လုပ်နေလို့ဆိုပြီး တောတွင်းတွတ်ပီ LPDF အဖွဲ့က ဝင်ရောက်ဖမ်းဆီးလာချိန် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးတာကြောင့် ဖမ်းလာတဲ့ဝန်ထမ်းတွေကို ပစ်သတ်ပြီး လက်လွတ်ထွက်ပြေးချိန်မှာ ကျည်ထိမှန်သေဆုံးခဲ့တဲ့ တောတွင်းတွတ်ပီ LPDF အဖွဲ့ဝင် LPDF နှစ်ဦးကို ဒီနေ့မှာ အလောင်းမပါဘဲ အသုဘချလိုက်တယ်လို့ သိရပါတယ်။

လူအင်အား ၃၀ ကျော်နဲ့လှုပ်ရှားတဲ့ Taw Twin Tut Pee Local PDF အဖွဲ့ဟာ မေလ ၂၁ ညနေပိုင်းမှာ စစ်ကိုင်းမြို့ကို ကားနှစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ဝင်လာပြီး လဝကနဲ့ အခွန်ဝန်ထမ်း ၁၀ ဦးကျော်ကို ဖမ်းပြီးပြန်အထွက်မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားရာက ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသမီးနှစ်ဦး၊ အမျိုးသားသုံးဦးသေဆုံးမှုကြောင့် လူငါးဦးအလောင်းကျန်ခဲ့ပြီး ကျန်ကားတစ်စီးက လွတ်မြောက်သွားတာပါ။

ဒီနေရာမှာ တောတွင်းတွတ်ပီ LPDF အဖွဲ့ကတော့ ရဲဘော်မိုးတိမ်နဲ့ ရဲဘော်ဆင်ပေါက်လို့အမည်ပေးထားတဲ့ အဖွဲ့ဝင်နှစ်ဦး သေကျန်ခဲ့တာဖြစ်ပြီး ကျန်တဲ့သေသူသုံးဦးက ဝန်ထမ်းတွေလို့ပြောသလို ဝန်ထမ်း ၆ ဦးကိုလည်း ဖမ်းနိုင်ခဲ့တယ်ပြောပြီး လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့မီဒီယာတချို့မှာတော့ LPDF တွေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ လဝကဝန်ထမ်း (၁)ဦးကယ်ဆယ်နိုင်ပြီး အခြားထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ရေးသားသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် PDF (၅)လောင်း၊ အမ်အေ-၁၃ သေနတ် (၁)လက်၊ Sigsauer P-320 ပစ္စတို (၁)လက်၊ အမ်အေ-၁၃ ကျည်အိမ် (၁)ခု၊ ပစ္စတိုကျည်အိမ် (၁)ခု၊ ပစ္စတိုကျည် (၃)တောင့်၊ ၉ မမ ကျည် (၁၅)တောင့်၊ ကား (၁)စီး၊ ဆိုင်ကယ် (၁)စီးတို့ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ရေးသားနေတာကို တွေ့ရပါတယ်။

ဒီအငြင်းပွားဖွယ်သေဆုံးမှုကို တောတွင်းတွတ်ပီ LPDF အဖွဲ့က တရားဝင်သတင်းထုတ်ပြန်ရှင်းလင်းတာ မလုပ်ခဲ့သလို ဒီနေ့မှာတော့ လုံခြုံရေးတပ်ဖွဲ့ရှင်းလင်းခံရလို့ သေဆုံးသွားတဲ့ မိုးတိမ်နဲ့ ဆင်ပေါက်တို့ကို အလောင်းပြန်မယူနိုင်တာကြောင့် အလောင်းမပါဘဲ အသုဘချခဲ့ပေမဲ့ သတင်းထုတ်ပြန်ရာမှာတော့ မိုးတိမ်နာမည်တစ်ခုအတွက်ပဲ ဝမ်းနည်းကြောင်းရေးပြီး ဆင်ပေါက်သေဆုံးမှုကိုတော့ ထိမ်ချန်ဖုံးကွယ်ထားတာလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *