October 21, 2024

၂၃. ၅. ၂၀၂၄
Written by Nay Moe

ပြည်ခိုင်ဖြိုးပါတီဝင်ဟုဆိုသည့် ရဲတပ်ဖွဲ့ဟောင်းတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ယနေ့နံနက်ပိုင်းက နောက်မှလိုက်လံချောင်းမြောင်း ပစ်သတ်လိုက်သည်။

ဖြစ်စဥ်မှာ ယနေ့ မေလ၂၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးတောင်ပိုင်းနေ ပြည်ခိုင်ဖြိုးပါတီဝင်ဟုဆိုသော ဦးသက်လွင်ဦး (ရဲတပ်ဖွဲ့ဝင်ဟောင်း)အား ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့မှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဇုတ်သုတ် ဆင်မင်းဘုရားနှင့် တိုက်နယ်ဆေးရုံကြားတစ်နေရာတွင် နောက်မှချောင်းမြောင်း ပစ်ခတ်ခဲ့ရာ ဦးသက်လွင်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

နောက်ကချောင်းမြောင်းပစ်ခတ်၍ KRF နှင့် ကျိုက်ထိုပကဖတို့ ဘေးကင်းခဲ့ပြီး ဦးသက်လွင်ဦးထံမှ လက်ပစ်ဗုံး (၂) လုံး၊ ငွေကျပ် (၁၅၀၀) နှင့် အိတ်တစ်လုံးအား လုယက်သိမ်းယူခဲ့သည်ဟု သိရသည်။

KRF အဖွဲ့သည် အဂတိလိုက်စားမှုပေါင်းများစွာနှင့် ထောင်နှစ်ရှည်ကျခံနေရသည် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး ကျိုက်ထိုနယ်မှာ ကျက်စားကာ တံတားချိုးခြင်း၊ ရဟန်းသံဃာပါမချန် သတ်ဖြတ်ခြင်းများကြောင့် ရဟန်းနှင်လူ ၂၀ ထက်မနည်းသတ်ဖြတ်မှုကို လုပ်ဆောင်ထားသည့်အပြင် ပြီးခဲ့သော ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်၍ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သည့်ပြစ်မှု ကျုးလွန်ထားသောအဖွဲ့ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *