October 21, 2024

၂၃. ၅.၂၀၂၄
Photo & Written by TZ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းနဲ့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတို့မှာ ယနေ့ မေလ ၂၃ ရက် နံနက် ၈ နာရီအချိန် ကျောင်းအပ်လက်ခံတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

“ကျွန်မတို့က ရှမ်းပြည်ကနေ ဒီကိုပြောင်းလာတာ။ ကလေးက KG တတ်ရမှာ။ လိုအပ်တဲ့စာရွက်တွေကတော့ အိမ်ထောင်စုစာရွက်၊ မွေးစာရင်းနဲ့ ကလေးကာကွယ်ဆေးစာရွက်တွေတော့ယူလာရတယ်” လို့ ကျောင်းလာအပ်တဲ့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အတူ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါလို့ ကြေညာထားတဲ့အပြင် သင်ရိုးသစ်ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာတွေနဲ့ ကျောင်းဝတ်စုံတစ်စုံ စတာတွေကို သူငယ်တန်းကနေ ဒွါဒသမတန်းအထိ အခမဲ့ထောက်ပံ့သွားမယ်လို့ အရေ အတွက်နဲ့တကွ ဖော်ပြထားပါတယ်။

“ဒီမှာ အရင်နှစ်ကတက်တဲ့ကလေးတွေကတော့ ဘာစာရွက်မှ မလိုဘူး။ ကိုယ်တက်မဲ့အတန်းဆီက စာရွက်ယူပြီးဖောင်ဖြည့်လိုက်ရင် ရပြီ။ KG ကနေ ၅ တန်းအထိ ဝတ်စုံတစ်စုံ၊ စာအုပ်တစ်ဒါဇင်၊ ကျောင်းတံဆိပ်နဲ့ ခဲတံ ၅ ချောင်းရတယ်။ အကြီးတန်းတွေကတော့ ဖတ်စာအုပ်၊ ဗလာစာအုပ်နဲ့ ဘောပင်တို့ရတယ်” ဟု ကျောင်းလာအပ်သည့် ကျောင်းသားမိဘတစ်ဦးကလည်း MT news ကို ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *