October 22, 2024

၂၃. ၅. ၂၀၂၄
Written by Hey Mar

မေလတတိယအပတ် ၂၃ ရက်နေ့က ကျောင်းအပ်နှံရေးရက်သတ္တပတ်ရဲ့ ပထမဆုံးရက်ဖြစ်ပါတယ်။ မင်္ဂလာဒုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှာတော့ အတန်းစုံက ကလေးငယ်တွေ ကျောင်းသားမိဘတွေနဲ့ ကျောင်းအပ်နှံသူ များပြားနေပြီး ဗလာစာအုပ်၊ သင်ပုန်းကြီးဖတ်စာအုပ်၊ ခဲတံနဲ့ ကျောင်းတံဆိပ်တွေကို အခမဲ့ပေးအပ်ကာ စနစ် တကျ လက်ခံလျှက်ရှိပါတယ်။

ကျောင်းအပ်နှံရာမှာ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုရန်၊ ငွေကြေးလက်ဆောင်ပစ္စည်း လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်ကျောင်းတံဆိပ် အစရှိသည်များကို ရောင်းချခြင်းမပြုရန်၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနဲ့ အလယ်တန်း၊ အထတ်တန်းအဆင့်တွေကို အဆင့်ဆင့်ဆက်လက်ပညာသင်ကြားနိုင်ရေး မိဘတွေနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊ Mask ကို ညွှန်ကြားချက်များအတိုင်း တပ်ဆင်ရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းကို ညွှန်ကြားချက်တွေအတိုင်း စစ်ဆေးရန်၊ ကျောင်းသား ကျောင်းသူတွေ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး အိမ်စာတွေကို နေ့စဉ်လုပ်ဆောင်ရန် မိဘတွေနဲ့ ပူးပေါင်းဆွေးနွေးရေးအစရှိတဲ့ အချက်တွေကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံမှု သီတင်းပတ် တိုင်းနဲ့ပြည်နယ်အသီးသီးရဲ့ အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅၆၀၉၆၇၆ ဦးရှိ​ခဲ့သလို ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှု သီတင်းပတ်မှာလည်း ၈၁၀၈၂၂၇ ဦး အပ်နှံခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *