၂၂. ၅. ၂၀၂၄
Photo @ Written by TZ
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့၊ အမှတ် (၂) နှင့် အမှတ် (၃) ကြားရှိ ရှေးဟောင်း “ဖောင်တော်ချက်မစေတီတော်မြတ်”ကို ၁၁ ရက်ကြာ ပွဲကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့တွဲဖက်အတွင်းရေးမှူး ဦးလှဝင်းမှ MT News သို့ဖြေကြားသည်။
ကိုဗစ်ကာလမှစတင်၍ ပိတ်ထားသည့် လယ်ဝေးမြို့ရှိ “ဖောင်တော်ချက်မစေတီတော်မြတ်”ဘုရားပွဲကို ၂၀၂၄ မေလ ၂၁ ရက်မှ မေလ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ထိုလယ်ဝေးမြို့ရှိ “ဖောင်တော်ချက်မစေတီတော်မြတ်”သို့ MT News မှ မြေပြင်ကွင်းဆင်း၍ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးလှဝင်းအား မေးမြန်းရာ “ကိုဗစ်ကာလထဲက ပိတ်လိုက်တာဆိုတော့ ၅ နှစ်ရှိပြီ။ ခုမှပြန်ပြီး ကျင်းပတာ။ အရင်ကဆို ပွဲကို ၁ လတိတိကျင်းပတာ။ ခုက ၁၁ ရက်ထိပဲ ကျင်းပတော့တာ။ ပွဲစျေးဆိုရင် (၃) ချိိုး (၁) ချိုးလောက်ပဲရှိတယ်။ ကဆုန်ညောင်ရေသွန်းဘုရားပွဲကျင်းပတာ (၈၇) ကြိမ်မြောက်ရှိပြီ။ ဒီဇာတ်ခုံက ဖိုးချစ်တို့ပဲ လာပြီးခင်းကျင်းထားတာ။ အဆိုတော်တွေလည်း လာရောက်ဖျော်ဖြေမှာ ညလုံးပေါက် “ဟုပြောသည်။
အဆိုပါ လယ်ဝေးမြို့ကျက်သရေဆောင်သမိုင်းဝင် “ဖောင်တော်ချက်မစေတီတော်မြတ်ကြီး၏ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး” ရှိ ဇာတ်ခုံတွင် ရွှမန်းမောင်မယ်ဆက်ကပ်အဖွဲ့နှင့်ဖြူဖြူထွေးတို့ သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ထိုဇာတ်ပွဲရုံသို့ လူကြီး (၅၀၀၀၀)၊ ကလေး ( ၃၀၀၀) ၊ ဖျာ (၁၀၀၀၀) ၊ နောက် ( ၅၀၀၀) နှင့် ခုံ (၃၀၀၀) တို့ဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် “ဖောင်တော်ချက်မကြီးစေတီတော်မြတ်ကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး”တွင် စျေးလာရောက်ရောင်းချသည့် စျေးသည်များအနက် တစ်ဦးကလည်း “စျေးကတော့ သိပ်ရောင်းမကောင်းဘူး။ ဟိုးအရင်နှစ်တွေကဆိုရင် ပွဲအစမှာတောင် စျေးတွေက တော်တော်လေးရောင်းကောင်းတယ်”ဟု စျေးသည်တစ်ဦးက MT News သို့ဖြေကြားသည်။