October 20, 2024

၂၂.၅.၂၀၂၄
Written By Thandar

ရုပ်ရှင်နဲ့ ဗီဒီယို MTV သရုပ်ဆောင် မမဆောင်းရဲ့ မွေးနေ့ပွဲအခမ်းအနားကို ယနေ့ မေလ ၂၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ရာ အရှင်ဥတ္တမစာသင်တိုက်က ဆရာတော် သံဃာတော်တွေကိုလည်း အလှူငွေတွေ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

“ဒီနေ့မွေးနေ့က လုပ်ငန်းရှင်တွေ ပေါင်းပြီးတော့ လုပ်ပေးတဲ့ မွေးနေ့လေးပါ။ လုပ်ငန်းရှင်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ် ပြောချင်ပါတယ်။ လိုင်လီစိန်ဆိုင်နဲ့ စာချုပ်ချုပ်ထားတာဆိုပေမယ့် အဲဒီစိန်ဆိုင်ကလည်း မန္တလေးမှာဖြစ်တယ်။ ပြည်ပ အမတစ်ယောက်ရောပေါ့။ တခြားလုပ်ငန်းရှင်တွေကြောင့် ဒီပွဲလုပ်ဖြစ်တာပါ။ ဆောင်းရဲ့ K Pay ထဲ ဘယ်ကလွဲပေးမှန်းမသိတဲ့ ပိုက်ဆံတွေရောက်ရောက်လာတယ်။ ပိုက်ဆံ၊ ပန်းစည်းတွေလည်း ရတယ်။ ဒီရောက်လာတဲ့ ငွေတွေကြောင့်လည်း အလှူအတန်းတွေလုပ်ခွင့်ရလို့ ပီတိလည်း ဖြစ်ရပါတယ်။ အဆိုတော်တွေရဲ့ သီချင်းရိုက်ပေးထားတဲ့ ငွေတွေပါတယ်။ အတိုင်းမသိ ဝမ်းသာရပါတယ် ”လို့ သရုပ်ဆောင် မမဆောင်းက ပြောပါတယ်။

အဆိုပါ ‌မွေးနေ့အခမ်းအနားမှာတော့ အနုပညာရှင်‌တွေဖြစ်တဲ့ သားစိုး၊ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ကိုသာဂိ၊ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်၊ ဘုန်းသျှံတို့ဇနီးမောင်နှံ၊ သတ္တိတို့ဇနီး မောင်နှံ၊ ရိုတ၊ ခရစ္စတီးနား၊ နွေး‌နွေးချစ်ဖွယ်၊ ယွန်းရွှေရည် စတဲ့ သူတွေတက်ရောက်ခဲ့ကြပါတယ်။

မမဆောင်းဟာ မွေးနေ့ကုသိုလ်အနေနဲ့ ရန်ကုန်မြို့ရှိ အရှင်ဥတ္တမစာသင်တိုက်မှာ ကျောက်ပြား အလှူငွေ ကျပ် သိန်း ၅၀ အပြင် ဘုန်းကြီးကျောင်းရှိ သံဃာတော်တွေအတွက် ဆန်၊ ဆီ၊ ဆေး၊ ဆား အတွက် အလှူငွေ ကျပ် ၁၀ သိန်းကို လှူဒါန်းခြင်း ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဝင်ဇာတ်ပို့ဇာတ်ရံအလွှာရှိ စတန့်မင်းသားတွေအတွက် အလှူ‌ငွေ ကျပ် ၁၀ သိန်း စတာတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *