October 20, 2024

MT News
၂၂. ၅. ၂၀၂၄

ရှမ်းပြည်နယ်၊ မိုင်းလုံမြို့နယ် PSLF/TNLA တပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို လိုက်လံ ဖမ်းဆီးအရေးယူရာမှာ မိုင်းလုံမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၄၀ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီး ထိန်းသိမ်းခံရသူတွေကို မြို့နယ်တရားဥပဒေစိုးမိုး‌ရေးတပ်ဖွဲ့က PSLF/TNLA ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့အညီ အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ (၆)လကြာ ထိန်းသိမ်းပြီး အကျင့်စာရိတ္တပြန်လည်ကောင်းမွန်လာရင် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံသွားမယ်လို့လည်း ဆိုပါတယ်။

မိုင်းလုံမြို့နယ်အတွင်း မူးယစ်‌ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် PSLF/TNLA က တင်းကျပ်စွာ လုပ်ဆောင်သွားမှာဖြစ်လို့ ကျန်ရှိနေသေးတဲ့ မူးယစ်‌ဆေးဝါး သုံးစွဲသူတွေ မိမိဆန္ဒသဘောထားအလျောက် အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို လာရောက်ကာ အကျင့်စာရိတ္တပြုပြင်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး မိုင်းလုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲ၊ လက်ဝယ်ထားရှိ ၊ ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေသူ မည်သူ့ကိုမဆို ဖမ်းဆီးထိန်း သိမ်းပြီး ထိရောက်တဲ့ အရေးယူမှု ပြုလုပ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *