October 21, 2024

၂၂.၅. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ ကျွန်းပင်သာကျေးရွာမှာ နယ်မြေရှင်းလင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့က ကူကီးအမျိုးသားတပ်မတော်(KNA-Burma) တပ်ဖွဲ့ဝင် (၄) ဦးကို မနေ့က မေလ ၂၁ ရက်မနက်ပိုင်းမှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့တဲ့ ကူကီးအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင်တွေက မန်းကျော်၊ ဒန်နီရယ်၊ ဟော်ချင်ပေါ်နဲ့ လန်မင်းသန်တို့ဖြစ်ပြီး KNA-Burma အတွက် အရေးပါတဲ့တာဝန်တွေယူထားကြတဲ့သူတွေဖြစ်ပါတယ်။ ဒီဖြစ်စဥ်က တာဝန်သိပြည်သူတွေသတင်းပေးမှုအရ ကျွန်းပင်သာရွာကို PDF တွေ ကင်းထောက်လာမယ်ဆိုလို့ ကင်းပုန်းဝပ်နေချိန် လက်နက်တွေကိုင်ဆောင်လာတဲ့ KNA -Burma အဖွဲ့ဝင် ၄ ဦးရောက်လာတာကြောင့် လက်ဦးမှူယူ ရှင်းလင်းလိုက်တာပါ။

ဒီလိုမျိုး မေလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က တမူးမြို့နယ် ကျွန်းပင်သာကျေးရွာအနီး နယ်မြေရှင်းနေတဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ချေမှုန်းမှုကြောင့် ကူကီး PDF ၄ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅၄ တောင့်၊ Drone ၁ စီး၊ Drone ဘတ္ကရီ ၇ ခု တို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *