October 21, 2024

၂၂. ၅. ၂၀၂၄
Written by Thettant

KNDF နှင့် PDF များဖောက်ခွဲဖျက်ဆီးလိုက်သည့် ထီးစဲခါးတံတား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် လွိုင်လင်လေးမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ အရှည် ၂၆၀ ပေ၊ အကျယ် ၃၀ ပေရှိ ထီးစဲခါးတံတားအား KNDF နှင့် PDF များက ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အနီးကပ် လုံခြုံရေးဆောင်ရွက်ပြီး ဆီဆိုင်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် ၂၀၂၄ မေ ၁၇ ရက်မှစတင်၍ ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ယခုအခါ တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ယာဉ်ကြီး/ယာဉ်ငယ်များ ၁၃ တန်အထိ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *