October 21, 2024

၂၂. ၅. ၂၀၂၄
Written by Nay Moe

ဟား ၅ ကောင်အဖွဲ့က လူရွှင်တော်ဝိုင်းကျော်ဟာ ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်က မဲဆောက်ဆေးရုံကြီးမှာ အသည်းခြောက်ရောဂါကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ ကနဦးသိရပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ထောက်ပို့လုပ်နေကြသူတွေဖြစ်ပြီး ဝိုင်းကျော်ကတော့ အသည်းခြောက်ရောဂါ ခံစားနေရမှုကိုကုသရင်း အခြားရောဂါတွေပါဝင်ကာ ၉၆ ပါးရောဂါနဲ့ သေဆုံးသွားတာပါ။

“ခရီးက မဆုံးသေး လူက ဆုံးသွားပြီ …။ အကိုကြောင့် ရယ်မောပျော်ရွှင်ခဲ့ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကိုဝိုင်းကျော် ကောင်းရာနေရာမှာ ရှိနေပါစေ”လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပိုင်ရဲသူက ဆုတောင်းပေးထားပါတယ်။

ဝိုင်းကျော်ဟာ အသည်းခြောက်ရောဂါနဲ့ သေဆုံးချိန်မှာ အသက် ၃၈ နှစ်အရွယ်သာရှိသေးပြီး ဇနီးဖြစ်သူပန်းမြတ်နဲ့ လူမမယ်သားငယ်ဘေဘီဝိုင်းကျော်တို့ ကျန်ရစ်ခဲ့သလို သူ့ကိုတော့ လာမဲ့ မေလ ၂၄ ရက်မှာ အသုဘချနိုင်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *