October 20, 2024

၂၂.၅.၂၀၂၄
Written By Thandar

ညောင်ရေသွန်းရင်း ဟိဏ်းသစ်နဲ့အတူ ကုသိုလ်ယူတဲ့အနေနဲ့ ကြာဇံကြော်၊ ခေါက်ဆွဲကြော် စတုဒိသာအလှူကို ယနေ့ မေလ ၂၂ ရက် ကဆုန်လပြည့်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ ကျင်းပခဲ့ပါတယ်။

“ဒီနေ့ကလည်း ကဆုန်လပြည့်နေ့ဖြစ်တယ်။ ကျွန်တော့်တို့ ဗုဒ္ဓဘာသာအယူအရဆိုရင် နှစ် ၂၀ နေမှ ဘုရားရဲ့ မွေးဖွားရာဗုဒ္ဓဟူးနေ့ရောက်တာဆိုတော့ အမှတ်တရအနေနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေပေါင်းပြီးတော့ ကြာဇံကြော်၊ ခေါက်ဆွဲကြော် ဘူး ၂၀၀ စာလှူဒါန်းတာပါ။ အဓိကတော့ ကျွန်တော့်ရဲ့ Fan တွေကိုလည်း ကုသိုလ်ရစေချင်လို့ ဘုရားလာဖို့ ဆော်ဩလိုက်သလိုဖြစ်သွားတယ်။ နောက်တစ်ခု ဘုရားလာရင်းနဲ့ ကျွန်တော့်ရဲ့ အာဟာရနဲ့တစ်နပ်စာ ပိုထွက်လာပြီး ပိုလှူဒါန်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီအတွက် ကျွန်တော်လည်း ကုသိုလ် နှစ်ခါရတာပေါ့နော်။ ပီတိလည်းဖြစ်ရပါတယ်” လို့ ဟိဏ်းသစ်က ပြောပါတယ်။

သူ့ရဲ့ ထိမိဂွိစားသောက်ကုန် စတုဒိသာလှူ‌ဒါန်းပွဲကိုတော့ အဆိုတော် ပိုပိုကလည်း ပါဝင်အားဖြည့် လှူဒါန်းခဲ့ပါတယ်။ ဟိဏ်းသစ်ကတော့ မြန်မာနှစ်သစ်ကူး အခါသမယတို့ တကယ့်နေ့ထူးနေမြတ်တွေမှာ အလှူအတန်းတွေ လုပ်ကိုင်ရင်း ဖြတ်သန်းနေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ထိမိဂွိ စားသောက်ကုန်တွေကိုလည်း ထုတ်လုပ်ဖြန့်ချိနေလျှက်ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *