October 23, 2024

၁၉. ၁၂. ၂၀၂၂

Written by Ye Kyaw

၂၀၂၃ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းခြင်းဆိုင်ရာ ခုနှစ်သတ်မှတ်ချက်အရ လူစီးယာဥ်များအတွက် အနိမ့်ဆုံး ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ထားသည့် မော်တော်ယာဥ်များကိုသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ်အား လူစီးယာဥ်များအတွက် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဥ်များ (ကုန်တင်ယာဥ်/ခရီးသည်တင်ယာဥ်)အတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ မီးသတ်ယာဥ်/လူနာတင်ယာဥ်များအတွက် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ ယန္တရားယာဥ်များအတွက် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

အထက်ပါယာဥ်များအတွက် တင်သွင်းရာတွင် လက်ဝဲစတီယာရင်ယာဥ်များသာ တင်သွင်းခွင့်ပြုသွားမည်ဖြစ်သည်။

အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် ပူးတွဲပါ လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သော (၁၅) နှစ်အတွင်း ထုတ်လုပ်သည့်ယာဥ်များအတွက် (၂၀၁၉ ခုနှစ်နှင့်အထက် ထုတ်လုပ်ယာဥ်) များအဖြစ် တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဥ်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဥ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်သည်။ မော်တော်ယာဥ် တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိချက်မှတ်ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *