၂၁. ၅. ၂၀၂၄
Written by Thettant
ဒီနေ့ မေလ ၂၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲမှာ ကျင်းပခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ၂၀၂၄ မဲခွဲပွဲ အခမ်းအနားမှာ မြန်မာအသင်းက ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုတို့နဲ့ အုပ်စု (ခ)မှာ ဆုံတွေ့နေပါတယ်။
အုပ်စု(က)မှာတော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့အပြင် ဘရူနိုင်းနဲ့ တီမောတို့နှစ်သင်းထဲက အနိုင်ရအသင်းတို့ ကျရောက်နေတာပါ။
AFF Mitsubishi Electric Cup ၂၀၂၄ ကို လာမဲ့နိုဝင်ဘာ ၂၃ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိချန်ပီယံက ထိုင်းအသင်းပါ။
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ်ကို ၁၅ ကြိမ်ဝင်ရောက်ယှဥ်ပြိုင်ထားပေမဲ့ အမြင့်ဆုံးအဆင့်ကတော့ ၂၀၀၄ နဲ့ ၂၀၁၆ မှာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံးမှာတော့ တတိယနေရာလုပွဲတွေရှုံးခဲ့လို့ စတုတ္ထနေရာနဲ့သာ ကျေနပ်ထားရတဲ့ အဆင့်ဖြစ်ပါတယ်။