၂၁.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ပြည်တော်သာလမ်းဘေးတွင် မေလ ၂၀ ရက် နံနက် ၉ နာရီ ၄၉ မိနစ်ခန့်က ထမင်းအိုးတည်ရင်း မီးကြွင်းမီးကျန်မှတစ်ဆင့် ကျုးကျော်တဲ ၁၁ လုံး မီးလောင်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ မိနစ် ၅၀ နီးပါး ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကာ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ဓနိမိုး၊ ထရံကာ၊ ဝါးခင်းနေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
“အိမ်တွေက တစ်နေရာတည်းမှာစုပြီး ကပ်ဆောက်ထားတော့ မီးလောင်တဲ့အချိန် အားလုံးပါကုန်တာ၊ မီးဖိုမီးကိုလည်း သတိပြုဆင်ခြင်စေချင်ပါတယ်”ဟု မီးသတ်သမားတစ်ဦးက ပြောသည်။
ကျုးကျော်တဲ မီးလောင်မှုကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို မှော်ဘီမြို့မရဲစခန်းက ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။