၂၀.၅.၂၀၂၄
Written By Thandar
အလှမယ်လောက ကတစ်ဆင့် အနုပညာလောကထဲ ဝင်ရောက်လာပြီး ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ မင်းသမီးထက်ထက်ထွန်းကတော့ နားလည်မှု၊ နွေးထွေးမှုနဲ့ သစ္စာရှိမှုဆိုတဲ့အရာတွေကို ရေးဖူး၊ ဖတ်ဖူး၊ မြင်ဖူး၊ သင်ဖူးပေမယ့် တကယ့် အဓိပ္ပာယ်ကိုတော့ ချစ်သူနဲ့တွေ့မှ ခံစားဖူးခဲ့တာပါလို့ ရင်ဖွင့်လာပါတယ်။
“နားလည်မှု၊ နွေးထွေးမှုနဲ့ သစ္စာရှိမှုဆိုတဲ့အရာတွေကို ရေးဖူး၊ဖတ်ဖူး၊ မြင်ဖူး၊ သင်ဖူးပေမယ့် တကယ့်အဓိပ္ပာယ်ကိုတော့ သူနဲ့တွေ့မှ ခံစားဖူးခဲ့တာပါ။ မိန်းမိန်းပေါ် လွတ်လပ်စွာ ပျော်ရွှင်ခွင့်ပေးပြီး ချစ်ပေးတဲ့ ဒီနေ့ ဒီရက်မှာ မိန်းမိန်းအတွက် တစ်သက်စာ သစ္စာတရားတွေနဲ့ ချစ်စရာကောင်းစွာ ဖြူဖြူစင်စင် မွေးဖွားလာတဲ့ မောင်းမောင်းရေ HAPPY BIRTHDAY ပါ။ လိုအင်ဆန္ဒတွေ တောင်းတစရာမလိုအောင်လို့ကို ပြီးပြည့်စုံ ပျော်ရွှင်အေးချမ်းရပါစေ” လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။
သူမဟာ လက်ရှိ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း များစွာရိုက်ကူးသရုပ်ဆောင်နေသူလည်းဖြစ်သလို ချစ်သူကောင်လေးကိုလည်း ပရိသတ်သိအောင် တရားဝင်ချပြထားတာလည်း ဖြစ်ပါတယ်။ လက်ရှိ ထက်ထက်ထွန်းတို့ ချစ်သူနှစ်ဦးကတော့ အသက် ၆ နှစ်ကွာပြီး အိမ်ထောင်မပြုသေးဘဲ Open Relationship အနေနဲ့ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
“ထက်ထက်ကို သူ့က အိမ်မှာချစ်စနိုးနဲ့ မိန်းမိန်းလို့ခေါ်တယ်။ သူ့ကိုတော့ ကိုယ်က မောင်းမောင်းလို့ ခေါ်ကြတာပါ။ ထက်ထက်တို့က ချစ်သူ သက်တမ်းကတော့ ၂ နှစ်ကျော်ရှိပါပြီပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရမ်းကို ဂရုစိုက်တယ်။ ယောက်ျားတစ်ယောက်ရဲ့ တာဝန်ရော မိန်းမတစ်ယောက်ရဲ့ တာဝန်ရော အကုန်လုံး သူတစ်ယောက်ထဲ ထက်ထက်ကို လုပ်ပေးတယ်။ မောင်လေးနဲ့ချစ်လည်း ထက်ထက်က အငယ်လိုပဲ အနိုင်လည်းကျင့်ပြီး ပိုချစ်တာပါပဲ” လို့ သူမက ဆက်ပြောပါတယ်။