၂၀.၅.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် တစ်ရက်တာကာလအတွင်း အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးပြီးနောက် ရေမြောင်းထဲမှလည်း မျက်နှာတွင်ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိကြောင်း သိရသည်။
ထိုဖြစ်စဥ်များမှာ မေလ ၁၉ ရက် ညနေ ၆ နာရီ ၄၆ မိနစ်အချိန်တွင် လှိုင်သာယာ၊ ကမ္ဘာသစ်ဆီဆိုင်အနီး၊ ဦးရွှေပင်လမ်း၌ စက်ဘီးစီးလာသည့်အမျိုးသား ရုတ်တရက်လဲကျ၍ သေဆုံးပြီးနောက် ည ၇ နာရီအချိန်တွင်လည်း လှိုင်သာယာ၊ ရွှေလင်ပန်းစက်မှုဇုန်၊ ယောမင်းကြီးဦးဖိုးလှိုင်လမ်းနှင့် ဆိပ်ကမ်းလမ်းထိပ်ရှိ ရေမြောင်းထဲ မျက်နှာတွင်ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုပါတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့ဒီနားကလူတွေပြောတာကတော့ ရုတ်တရက်လဲပြီး ပါးစပ်ထဲက သွေးတွေထွက်နေတာ။ နောက်တစ်ယောက်က ရေမြောင်းထဲမှာ မျက်နှာကို အထိုးခံရပြီး သေနေတာ။ လက်ရှိကတော့ သူတို့ကပိုင်ရှင်မဲ့ပါ”ဟု လှိုင်သာယာလူနာတင်ယာဥ်ကွန်ရက်ညီအစ်ကိုများပူးပေါင်းကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
Photo -Thet Paing