၁၉ .၅ . ၂၀၂၄
Written by MMAK
◾အာဆင်နယ် Vs အဲဗာတန်
ပရီးမီးယားလိဂ်ဖလားဟာ အာဆင်နယ်အသင်းအတွက်လည်း အခွင့်အရေးရှိနေသေးတာကြောင့် နောက်ဆုံးအိမ်ကွင်းပွဲမှာ ဂိုးရသလောက်သွင်းပြီး အနိုင်ရဖို့ကြိုးစားမှာပါ။ တစ်ဖက်ကမန်စီးတီးအသင်း သရေကျဖို့ ရှုံးနိုင်ဖို့ဆိုတာ ကိုးဆယ်ရာခိုင်နှုန်းလောက် မဖြစ်နိုင်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ မျှော်လင့်ချက်သိပ်မရှိဘဲ မန်စီးတီးအသင်း ပထမပိုင်းလောက်မှာတင် ဂိုးပြတ်နိုင်နေခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းဂိုးပြတ်နိုင်ဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။ ဘော်ဒီကြေး နှစ်လုံးငါးဆယ်ရှုံး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးဟာ ခံစစ်ကောင်းတဲ့အာဆင်နယ်အသင်းကို အဲဗာတန်အသင်း ဂိုးရဖို့မဖြစ်နိုင်ဘူးလို့ ယူဆလို့ရပါတယ်။ ဒီကြေးအရဆို စုံအောင်ဖို့မဖြစ်နိုင်ဘဲ ဘော်ဒီအောက်ကြေးထက် ဂိုးပေါင်းအောက်ကြေးကို ရွေးချင်ပါတယ်။ ပိတ်ကစားမဲ့ အဲဗာတန်အသင်းကြောင့် အာဆင်နယ်အသင်းလည်း ဂိုးရနောက်ကျနိုင်ပြီး ဘော်ဒီကြေးလောက်သာ အောင်သွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါင်းအောက်ကို ရွေးချင်ပါတယ်။
◾မန်စီးတီးVs ဝက်စ်ဟမ်း
မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား လေးနှစ်ဆက်ချန်ပီယံဖြစ်ဖို့ အိမ်ကွင်းမှာ အမှားခံမှာ မဟုတ်သလို အနိုင်သေချာပါတယ်။ သို့ပေမဲ့ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက သုံးလုံးသရေဖြစ်ပြီး ဂိုးပေါင်းကြေး လေးလုံးခြောက်ဆယ်အရှုံးဆိုတဲ့ပေါက်ကြေးမှာ ကြေးအောင်ပါ့မလား တွေးရမှာပါ။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်ကတော့ ဒီပွဲကိုသေချာအာရုံစိုက်ကစားပေးမယ်ပြောထားပေမဲ့ မန်စီးတီးအသင်းရဲ့အိမ်ကွင်း အီတီဟတ်မှာ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဘယ်လိုမှယှဉ်မကစားနိုင်ပါဘူး။ တစ်ချက်ပဲလုပ်စရာရှိပါတယ်။ မန်စီးတီးအသင်းက သရေကျရင် ဖလားမရတော့ဘူးဆိုတော့ အသားကုန်ဖင်ပိတ်ကန်ရမှာဖြစ်ပြီး တစ်ဂိုးလောက်ပေးရရင်တောင် အချိန်မရွေးသရေကျနိုင်သေးလို့ ပိတ်ကစားထားမယ်ဆိုရင် မန်စီးတီးအသင်းကို အခက်တွေ့အောင်လုပ်နိုင်ပါတယ်။ မန်စီးတီးအသင်းကလည်း စိတ်ရှည်လက်ရှည် ဘောလုံးကိုင်ထားပြီး သွင်းဂိုးရအောင် တိုက်စစ်ဆင်မှာ ဖြစ်သလိုတစ်ဂိုးနဲ့တော့ မထိန်းပါဘူး။ နှစ်ဂိုးအနိုင်ရမှ အနိုင်သေချာမှာ ဖြစ်တဲ့အတွက် နှစ်ဂိုးသုံးဂိုးလောက်ရမှ ထိန်းပါလိမ့်မယ်။ ပိတ်ကစားလာနိုင်တဲ့ဝက်စ်ဟမ်းအသင်း ဂိုးမရဘူးလို့ ယူဆထားသလို မန်စီးတီးအသင်းကလည်း နှစ်ဂိုးပြတ်နိုင်နေရင်တောင် ထိန်းမှာဖြစ်တဲ့အတွက် သွင်းဂိုးတွေ ထပ်မလိုပါဘူး။ ဒါကြောင့်ဒီပွဲမှာ ငါးဂိုးလောက်ထိမြင်ရဖို့ မရှိတာကြောင့် ဂိုးအောက်နေသင့်ပါတယ်။
◾လူတန် Vs ဖူဟမ်
သင်္ချာနည်းအရ လူတန်အသင်း တန်းမဆင်းသေးတာဖြစ်ပေမဲ့ တစ်ရာခိုင်နှုန်းလောက်သာ မျှော်လင့်ချက်ရှိတော့တာဖြစ်ပါတယ်။ ဖောရက်အသင်းက ဂိုးပြတ်ရှုံးပြီး သူတို့က ဖူဟမ်အသင်းကို ဆယ်ဂိုးပြတ်လောက်နိုင်မှ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့အချက်နဲ့တင် အားထည့်ကစားပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာ ကြိုးစားကစားကြမယ်ထင်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းဖူဟမ်အသင်းက ပြားခုနှစ်ဆယ်ရှုံးပြန်ပေးထားတာ ဖြစ်ပေမဲ့ နှစ်သင်းလုံး ခြေမမှန်ပါဘူး။ အနိုင်သုံးမှတ်အပြင် ဆယ်ဂိုးပြတ်လောက်နဲ့ နိုင်မှ မျှော်လင့်ချက်ရှိမဲ့ လူတန်အသင်းဘော်ဒီနဲ့ ဂိုးပေါ် တစ်ခုခု အောင်သွားနိုင်သလို နှစ်ခုလုံးလည်းအောင်နိုင်ပါတယ်။ တစ်ခုကိုရွေးမယ်ဆိုရင် လူတန်ဘော်ဒီကိုရွေးသင့်တာ ဖြစ်ပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာ အနိုင်ရဖို့ထိ ကြိုးစားကစားမဲ့ လူတန်အသင်းမရှုံးနိုင်ပါဘူး။ လူတန်အသင်းရဲ့ အိမ်ကွင်းကစားပုံ မဆိုးလှသလို ဖူဟမ်အသင်းရဲ့ ခြေစွမ်းကယုံစားလို့မရတာကြောင့် သရေကျရင်တောင် ပြားခုနှစ်ဆယ်ရမဲ့ အိမ်ရှင်လူတန်အသင်းကို ရွေးသင့်ပါတယ်။
◾ဘရန့်ဖို့ Vs နယူးကာဆယ်
နယူးကာဆယ်အသင်းက အဝေးကွင်းဆို သိပ်ယုံစားလို့မရဘဲ ခြေရူးအသင်းဖြစ်ပါတယ်။ သို့ပေမဲ့ ဒီပွဲနိုင်မှ နောက်ရာသီဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ရမှာ ဖြစ်တာကြောင့် ဒီပွဲကိုအနိုင်ရဖို့ သေချာအားစိုက်ကစားကြမှာပါ။ ဘရန့်ဖို့အသင်းက အိမ်ကွင်းကောင်းသလို နယူးကာဆယ်အသင်းရဲ့ ဘော်ဒီကြေး ပြားငါးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးဟာ ထိုးသားတွေ နယူးကာဆယ်အသင်းကို ရွေးချယ်ဖို့ လက်တွန့်ကြေမှာဖြစ်ပြီး အဝေးကွင်းမကောင်းဘူး ဘရန့်ဖို့အသင်းကို မနိုင်လောက်ဘူးလို့ ယူဆနေကြမှာပါ။ နိုင်ဖို့လိုအပ်တဲ့ နယူးကာဆယ်အသင်းရဲ့ ဘော်ဒီကြေးသရေအရှုံးလောက်ပေးလိုက်ရင် နယူးကာဆယ်ဘော်ဒီတွေ ပုံအောလာကြမှာဖြစ်တာကြောင့် ကြေးချထားတယ်လို့ထင်ပါတယ်။ ဒီပွဲဟာ နယူးကာဆယ် ဘော်ဒီနဲ့ ဂိုးပေါင်းအပေါ် တစ်ခုခုအောင်နိုင်သလို စုံအောင်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ထိုးသားအများစုဆန့်ကျင်လာနိုင်တဲ့ နယူးကာဆယ်ဘော်ဒီကိုရွေးချယ်ပြီး ဒိုင်တွေဘက်ကနေသင့်ပါတယ်။
◾ဘရိုက်တန် Vs မန်ယူ
မန်ယူအသင်း ဥရောပဝင်ခွင့်ရဖို့အတွက်ဆိုရင် မန်စီးတီးအသင်းနဲ့ ကန်ရမဲ့FA ဖိုင်နယ်ကိုသာ အနိုင်ကန်ဖို့လိုတာဖြစ်ပြီး ဒီပွဲကအရေးသိပ်မကြီးပါဘူး။ မန်ယူအသင်းရဲ့ ခြေစွမ်းကယုံစားလို့မရတဲ့ အခြေအနေမှာ ရှိနေသလို ကစားသမားတွေဒဏ်ရာရများနေတာကြောင့် သိပ်ယုံစားဖို့မသင့်ပါဘူး။ နောက်တစ်ချက်က နည်းပြအပြောင်း အလဲတင်မဟုတ်ဘဲ တစ်သင်းလုံးပါ အပြောင်းအလဲလုပ်မယ်။ အဓိက ကစားသမား ဖာနန်ဒက်လိုကစားသမားတောင် ရောင်းမယ်လို့လေသံပစ်နေတဲ့ သတင်းတွေကြောင့် အနည်းနဲ့အများစည်းလုံးမှု မရှိနိုင်တာကို သတိထားသင့်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘရိုက်တန်အသင်းက ပြားနှစ်ဆယ်အရှုံးပြန်ပေးထားတာကြောင့် မန်ယူအသင်းဘက်မှာ ထိုးသားတွေ စုပုံနေပါတယ်။ ဂိုးပေါင်းကြေးမြင့်နေတဲ့အတွက်ရယ် အမှတ်မလိုတဲ့ နှစ်သင်းဖြစ်တာကြောင့် တိုက်စစ်ဖွင့်ကစားကြမယ်လို့ ယူဆလို့ရပြီး တိုက်စစ်ဖွင့်ကစားမယ်ဆို အိမ်ရှင်ဘရိုက်တန်အသင်းက ဂိုးရနိုင်ချေပိုများပါတယ်။ ဘရိုက်တန်အသင်း မရှုံးနိုင်ဘူးထင်တာကြောင့် ပြားနှစ်ဆယ်ရင်းပြီး အိမ်ရှင်ဘရိုက်တန်အသင်းကို ရွေးပါမယ်။
◾ဘန်လေ Vs နော်တင်ဟန်ဖောရက်
ဘန်လေအသင်းတန်းဆင်းသွားရပြီ ဖြစ်သလို နော်တင်ဟန်ဖောရက်အသင်းကလည်း အမှတ်မလိုတော့တာကြောင့် နှစ်သင်းလုံးဘာမှအရေးမကြီးတော့ပါဘူး။ သင်္ချာနည်းအရဆိုရင်တော့ လူတန်အသင်းက ဆယ်ဂိုးလောက်သွင်းပြီးအနိုင်ရမယ် နော်တင်ဟန်ဖောရက်အသင်းက ဂိုးပြတ်ရှုံးမယ်ဆိုရင် နော်တင်ဟန်ဖောရက်အသင်း တန်းဆင်းရဖို့ ရှိနေသေးတာဖြစ်ပေမဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက် မဖြစ်နိုင်ပါဘူး။ ဖောရက်လိုအသင်းအနေနဲ့ လွတ်လွတ်ကျွတ်ကျွတ် တန်းကျန်ခဲ့တာမျိုး ဖြစ်သင့်တာကြောင့် ဒီပွဲမှာ အနည်းဆုံး သရေရအောင် ကန်ပါလိမ့်မယ်။ အဝေးကွင်းကနေ ပြားလေးဆယ်ရှုံးပြန်ပေးထားတဲ့ ဖောရက်အသင်း မရှုံးပါဘူး။ ပြားလေးဆယ်ရင်းပြီး နော်တင်ဟန်ဖောရက်ဘော်ဒီကို ရွေးချယ်ချင်ပါတယ် ။
◾ချဲလ်ဆီး Vs ဘုန်းမောက်
ဘုန်းမောက်အသင်းက အမှတ်မလိုတာဖြစ်ပေမဲ့ အိမ်ရှင်ချဲလ်ဆီးအသင်း ရှုံးလို့မရဘဲ အနိမ့်ဆုံးသရေရမှ ဥရောပဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ရာသီသိမ်းခါနီးမှာ ထူးထူးခြားခြား ခြေစွမ်းကောင်းနေတာ တွေ့ရပြီး နည်းပြတွေရဲ့ကစားပုံနဲအံ့ဝင်လာတယ်လို့ ထင်ပါတယ်။ ဘုန်းမောက်အသင်းက တိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်း ဖြစ်တာကြောင့် ဂိုးပေါင်းကြေး ပြင်းရှနေတာတွေ့ရပြီး လေးလုံးနှစ်ဆယ်အရှုံးထိပေါက်နေသလို ဘော်ဒီကြေး တစ်လုံး ငါးဆယ်အရှုံးဖြစ်ပါတယ် ။ ပုံစံကောင်းပြနေတဲ့ ချဲလ်ဆီးအသင်း နိုင်ဦးမယ်ထင်ပါတယ် ကစားပုံကောင်းလာတာကြောင့် တိုက်စစ်ကလည်းဂိုးရဖို့မပူရပါဘူး ။ တစ်ဂိုးအနိုင်သေချာနေသလို ဘုန်းမောက်အသင်းရဲ့ ခံစစ်ကိုစိတ်မချတာကြောင့် ဂိုးပြတ်နိုင်သွားနိုင်ပါတယ်။ အိမ်ရှင်ချဲလ်ဆီးအသင်းကိုပဲ ရွေးစေချင်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs အက်စတွန်ဗီလာ
အဆင့် – ၁၂ မှာ ရှိနေတဲ့ ပဲလေ့စ်အသင်းက အဆင့်- ၄ ကဗီလာအသင်းကို တစ်လုံးခုနှစ်ဆယ်စားအထိပေးထားတာ တွေ့ရပါတယ်။ ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းကတော်တော်လေး ကောင်မွန်တိုးတက်လာတာ တွေ့ရပြီး လီဗာပူး၊ မန်ယူနဲ့ နယူးကာဆယ်အသင်းတို့ကိုတောင် နိုင်ထားတာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အမှတ်မလိုကြသလို ဘာမှအရေးမကြီးတော့တဲ့အတွက် ဖိအားတွေရှိမနေဘဲ လွတ်လွတ်လပ်လပ် ကစားလို့ရပါတယ် ။ ဗီလာအသင်း နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းအနည်းငယ်ကျသွားတာ တွေ့ရပြီး အဝေးကွင်းကစားပုံကို သိပ်အားမရပါဘူး ။ အသင်းကြီးတွေကိုတောင် အနိုင်ကန်ထားနိုင်ပြီး ကြေးပြင်းပြင်းပေါက်နေတဲ့ ပဲလေ့စ်ကိုဘဲ ရွေးချယ်သင့်ပါတယ်။ အရှုံးအနိုင်ပေါ်အောင်ကစားကြမဲ့ပွဲလို့ယူဆထားသလို အနိုင်ရမဲ့အသင်းဆိုရင်တော့ အိမ်ရှင်ပဲလေ့စ်အသင်းကိုဘဲ ရွေးရဦးမှာပါ။
◾လီဗာပူး Vs ဝုဗ်
နှစ်သင်းလုံး အမှတ်မလိုကြလို့ ဘာမှအရေးမကြီးတော့ဘူးဆိုပေမဲ့ နည်းပြကြီးကလေ့ာရဲ့ နောက်ဆုံးပွဲဖြစ်တာကြောင့် အိမ်ကွင်းမှာ လီဗာပူးအသင်း ဘယ်နှစ်ဂိုးပြတ်အောင် ကန်မလဲ စောင့်ကြည့်ရမှာပါ။ ဘာမှအရေးမကြီး မလိုအပ်ဘဲ လီဗာပူးအသင်းရဲ့ ဘော်ဒီပေါက်ကြေးက နှစ်လုံးရှစ်ဆယ်အရှုံးထိပေးထားတာကြောင့် အပေါ်ကပြောခဲ့သလို ဂျာဂျင်ကလေ့ာရဲ့ နှုတ်ဆက်နောက်ဆုံးပွဲမှာ သွင်းဂိုးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် နှုတ်ဆက်မယ်ထင်ပါတယ် ။ အမှတ်မလိုတဲ့နောက်ပိုင်းမှာ ဝုဗ်အသင်းကန်ချင်သလိုကန်နေတာကြောင့် ရှုံးပွဲတွေဆက်နေခဲ့တာ ဖြစ်ပါတယ် ။ လီဗာပူးအသင်းကသာ မိနစ်အစောပိုင်းမှာ ဦးဆောင်ဂိုးရရင် ဝုဗ်အသင်းက ပြန်လိုက်ကစားမှာဖြစ်ပြီး လီဗာပူးအသင်းကလည်း နောက်ထပ်သွင်းဂိုးရဖို့ ထပ်ကြိုးစားမှာ ဖြစ်တာကြောင့် လီဗာပူးအသင်း ဂိုးပြတ်နိုင်သွားနိုင်ပါတယ်။ နည်းပြကြီးဂျာဂျင်ကလော့ရဲ့ နောက်ဆုံးနောက်ဆုံးပွဲမှာ ကြိုးကြာနီတွေ ဂိုးမိုးရွာပါလိမ့်မယ်။
◾ရှက်ဖီး Vs စပါး
ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက်ဆို စပါးအသင်းအနေနဲ့ လုံးဝရှုံးလို့မရဘဲ အနိမ့်ဆုံးသရေရယူထားဖို့လိုပါတယ်။ တန်းဆင်းသွားတဲ့ ရှက်ဖီးနဲ့တွေ့တာဖြစ်သလို ဂိုးအလှူ ပေးနေချိန်ဖြစ်တာကြောင့် စပါးအသင်းအနေနဲ့ ဒီအသင်းကို သေချာပေါက်နိုင်ပါတယ်။ ရှက်ဖီးအသင်းက ခံစစ်တအားပြဲသလို ဦးဆောင်ဂိုးပေးလိုက်ရတာနဲ့ တိုက်စစ်ပြန်လိုက်ကစားပြီး ဖွင့်ကစားတဲ့အတွက် ခံစစ်ကပြဲထွက်နေတတ်ပါတယ်။ စပါးအသင်းကလည်း အဝေးကွင်းသိပ်မကောင်းသလို ခံစစ်ကနောက်ဆုံးဆယ်ပွဲဆက် ဂိုးပေးထားရပါတယ်။ စပါးအသင်းက နှစ်လုံးခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးလေးဆယ်စား ပေးထားပါတယ် ။ နှစ်သင်းလုံး ခံစစ်ကိုသဘောမကျသလို နှစ်သင်းလုံးဂိုးရမယ်ထင်တာကြောင့် ဂိုးပေါ်ရွေးသင့်ပါတယ်။