October 18, 2024

၁၉.၅.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး၊ တောင်ပုလစေတီတော်တွင် မေလ ၂၅ ရက်၊နံနက်ပိုင်း ၉ နာရီခွဲအချိန်မှစတင်ကာ ဒူးရင်းသီး စတုဒိသာပွဲတော် ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဒူရင်းသီးစတုဒိသာပွဲကို တောင်ပုလဆရာတော်က ဦးစီးကျင်းပ​ခြင်းဖြစ်ပြီး ဘုရားဖူးလာရောက်သော ဧည့်သည်များ စားသုံးနိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

တောင်ပုလစေတီတော်တွင် ဒူးရင်းသီးစတုဒိသာပွဲတော်ကို ယခင်နှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ ဒူးရင်းသီး အလုံးရေ ၃၀၀၀ ကျော်ကို ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒူးရင်းသီးစတုဒိသာပွဲတော်တွင်တေးသံရှင်များဖြစ်သော အိအိချွန်၊ မေလသံစဥ်၊ ဖြိုးမြတ်အောင် အပါအဝင် အခြားသော တေးသံရှင်များလည်း သီဆိုဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်တွင် သစ်ပင်စိုက်ပျိုးပွဲတော်ကိုပါ ထည့်သွင်းကျင်းပမည် ဖြစ်ပြီး ခရေ၊ ကံ့ကော်၊ ငုဝါ၊ ပိတောက်၊ကညင်၊ အင်ကြင်း၊ မဟော်ဂနီ အပါအဝင် အပင်ပေါင်း ၆၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *