၁၉. ၁၂. ၂၀၂၂
မက်ဆီ့အတွက်နဲ့ အာဂျင်တီးနားအတွက် ဖလားရယူပေးချင်တဲ့ စိတ်ဓာတ်နဲ့ ရုန်းထလာတဲ့ အာဂျင်တီးနားရဲ့ အားထုတ်မှုတွေက ဒီညအတွက် အံ့မခန်းပါ။ ရွှေဖိနပ်ဆုရဖို့ အလားအလာအကောင်းဆုံး မက်ဆီဟာ ပထမပိုင်း ၂၃ မိနစ်မှာ ရတဲ့ ပင်နယ်လ်တီကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့သလို ဒီမာရီယာကလည်း ၃၄ မိနစ်မှာ တစ်ဂိုးထပ်မံသွင်းခဲ့လို့ အာဂျင်တို့ဟာ ၂ ဂိုးအသာနဲ့ ဦးဆောင်ပြီး ဖလားရဖို့ နီးစပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီလို နှစ်ဂိုးအသာနဲ့ ဦးဆောင်မှုကို မိနစ် ၈၀ အထိပဲ တောင့်ခံနိုင်ခဲ့ပြီး မိနစ် ၈၀ မှာရတဲ့ ပင်နယ်လ်တီကို ဘာပေက သာသာယာယာသွင်းယူခဲ့သလို အံ့အားသင့်နေတဲ့ အာဂျင်တီးနားတို့ အရှိုက်ထိစေမဲ့ ဒုတိယဂိုးကို ဘာပေကပဲ ဆက်လက်သွင်းယူပြီး အချိန်ပိုတက်စေခဲ့ပါတယ်။
အချိန်ပို ၁၀၈ မိနစ်မှာတော့ ကမ္ဘာ့ဖလား သိပ်လိုချင်နေတဲ့ မက်ဆီက ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ သူ့လိုပဲ ခြေစွမ်းပြပြီး ရွှေဖိနပ်ဆုရယူချင်နေတဲ့ ဘာပေက တတိယဂိုးသွင်းပြီး ချေပခဲ့တာကြောင့် အချိန်ပိုမှာလည်း ၃ – ၃ နဲ့ သရေကျပြီး ပင်နယ်လ်တီအထိ ရောက်ခဲ့ပါတယ်။
ပင်နယ်လ်တီမှာတော့ နှစ်ဂိုးကာကွယ်နိုင်ခဲ့တဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်စ်က မက်ဆီ့အတွက် GOAT ဖြစ်စေမဲ့ ကမ္ဘာ့ဖလားကို ယူပေးခဲ့ပြီး ချုအာမန်နီနဲ့ ကိုးမန်းတို့ရဲ့ ဂိုးတွေ ကာကွယ်ပေးခဲ့ပါတယ်။
အာဂျင်တီးနားရဲ့ ပင်နယ်လ်တီတွေကို မက်ဆီ၊ ဒိုင်ဘာလား၊ ပါရီဒက်စ်၊ မွန်တီရယ်တို့ အမှားအယွင်းမရှိကန်သွင်းခဲ့ပေမဲ့ ဘာပေနဲ့ မူအာနီတို့ပဲ အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့ပြီး ချုအာမန်နီနဲ့ ကိုးမန်းတို့ဂိုးမဝင်ခဲ့မှုက ဒီနှစ်ကမ္ဘာ့ဖလားကို မက်ဆီရစေခဲ့တာပါပဲ။
ဒီနေ့လို့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဒုတိယသာရခဲ့ပေမဲ့ ကမ္ဘာ့ဖလားဆုရှင်အာဂျင်တီးနားကို ပွဲချိန်အတွင်း Hattrick သွင်းပြခဲ့တဲ့ ဘာပေရဲ့ ခြေစွမ်းဟာ အံ့မခန်းဖြစ်ခဲ့သလို ရွှေဖိနပ်ဆုကိုလည်း သူဆွတ်ခူးခဲ့ပေမဲ့ ရော်နယ်ဒိုကို GOAT အဆင့်တိုက်ပွဲမှာ ကမ္ဘာ့ဖလားနဲ့ အသာစီးယူသွားတဲ့ မက်ဆီကတော့ သူလိုချင်တဲ့ ကမ္ဘာ့ဖလား အနားမယူခင်ရသွားတဲ့အတွက်တော့ ပီတိဖြစ်နေမှာပါ။ ဒါပေမဲ့ ဒီပီတိဟာ ကာတာရဲ့ ကမ္ဘာ့ဖလားကျင်းပခွင့်ရရှိရေး အဂတိတွေ၊ မက်ဆီကို ကမ္ဘာ့ဖလားရဖို့ ကာတာက လုပ်ပေးမယ်လို့ ထွက်ခဲ့တဲ့ ကောလာဟလတွေကြားမှာ ဘယ်လောက်အထိ တည်မြဲမလဲဆိုတာကိုတော့…။