၁၇. ၅. ၂၀၂၄
Written by Theetant
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင် အမျိုးသား ၂ ဦးသည် နေအိမ်အား ပြုပြင်ပေးနေစဥ် ဓာတ်လိုက် သေဆုံးခဲ့သည်။
ဖြစ်ဥ်မှာ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် သာယာကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ သွပ်မိုးရန် သံချောင်းကို ဝရိန်ဆော်ရာမှ သံချောင်းကမီးကြိုးပေါ်ပြုတ်ကျသွားသောကြောင့် ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဥ်ကြောင့် တစ်ဦးက နေရာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးက နမ့်ခမ်းပြည်သူ့ဆေးရုံ လိုက်ပို့နေစဉ် လမ်းခုလတ်တွင် သေဆုံးခဲ့သည်ဟု TNLA က ယနေ့ ပြောသည်။
ထိုနေရာတွင် အလုပ်သမား ၄ ဦးက အလုပ်လုပ်ကြပြီး ၂ ဦးက တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ပေ။ အဆိုပါ သေဆုံးသွားသူ ၂ ဦးသည် သာယာကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် (၃၄)နှစ်အရွယ် မိုင်းသန်းဦးနှင့် အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သည့် အသက် (၃၃)နှစ်အရွယ် မိုင်းမျိုးသန့်တို့ ဖြစ်သည်။
၎င်းတို့၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မီးသင်္ဂြိုဟ်သည့်နေရာသို့ နမ့်ခမ်းကရုဏာပရဟိတလူမှုကယ်ဆယ်ရေးအသင်းနှင့် ရှမ်းပရဟိတအသင်းတို့က သွားရောက်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
Ref, PSLF/TNLA