October 18, 2024

၁၇.၅.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာတွင် HIV ရောဂါဖြင့်သေဆုံးသည့်အမျိုးသားကို ဒေသခံပရဟိတအဖွဲ့မှ PPE ဝတ်စုံများဝတ်ဆင်၍ ကူညီ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့တွင် HIV ရောဂါဖြင့်သေဆုံးသည့် အမျိုးသား၏ ထိုရုပ်အလောင်းကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ PPE ဝတ်စုံများဝတ်ဆင်ပြီး ကွေ့ကြီးသုဿာန်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“မနှစ်ကဆို (၃) ယောက်လောက်ရှိတယ်။ HIV နဲ့သေတဲ့သူ။ တစ်နှစ်တစ်ခါတော့ အဲ့ဒီရောဂါနဲ့ သေတဲ့သူတွေရှိတယ်။ ဒီနှစ်လည်း HIV နဲ့သေတဲ့သူကအမျိုးသား”ဟု ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

HIV ရောဂါဖြင့် သေဆုံးသည့် အမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ကရုဏာရှင်လူမှုကူညီရေးပရဟိတအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *