MT News
အမေရိကန်နိုင်ငံ Northwestern ပြည်နယ်တက္ကသိုလ် ကိုယ်စားပြုယှဉ်ပြိုင်တဲ့ Northwestern State Demons ဘတ်စကက်ဘောအသင်းရဲ့ကစားသမား ဟန်ဆယ်လ် အန်မာနျူရယ် ဆိုသူဟာ လက်တစ်ဖက် မရှိပေမယ့်မျှော်လင့်ချက်တွေကို စွန့်လွှတ်မှု မရှိဘဲ ဘက်စကက်ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်တဲ့ပေါ် ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေကြောင်းသိရပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ဒိုမီနီကန်လူမျိုး ဟန်ဆယ်လ်ဟာ ငယ်စဉ်ကလေးဘဝတည်းက ဘယ်ဖက်လက် ဆုံးရှုံးခဲ့ရပြီး အဲဒီလက်တစ်ဖက် ဆုံးရှုံးမှုက ဟန်ဆယ်ရဲ့ပရော်ဖက်ရှင်နယ် ဘက်စကက်ဘော ကစားသမားဖြစ်လိုတဲ့အိမ်မက်ကို တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။
အသက် ၁၉ နှစ်အရွယ်ရှိ ဟန်ဆယ်လ်ဟာ အထက်တန်းကျောင်းသားဘဝတုန်းက ဘတ်စကက်ဘောကစားတဲ့ ရုပ်သံဖိုင်တွေကို ပြီးခဲ့တဲ့နှစ်မှာ အွန်လိုင်းမှာတင်ခဲ့ရာ ကြည့်ရူသူများ စိတ်ဝင်မှုမြင့်တက်ခဲ့ပါတယ်။ ဟန်ဆယ်လ်ဟာအသက် ၆ နှစ်အရွယ်တုန်းက အုတ်နံအောက်မှာ ကစားနေခဲ့ရာ အုတ်နံရံပြိုကျခဲ့ချိန်မှာ ဘယ်ဖက်လက်ကို ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း၊ ဆရာဝန်တွေဟာအခြားရွေးချယ်စရာ မရှိတဲ့အတွက်ဆိုးရွားစွာထိခိုက်ခဲ့တဲ့ ဘယ်ဖက်လက်ကို ပုခုံးနားအထိ ဖြတ်ခဲ့ရကြောင်းသိရပါတယ်။
အဆိုပါလက်ဖြတ်လိုက်ရမှုဟာ ဟန်ဆယ်လ်နဲ့ သူရဲ့မိသားစုတွက် ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဟန်ဆယ်ဟာ လက်တစ်ဖက် ဆုံးရှုံးမှုကို စိတ်ပျက်အားငယ်မှုမရှိဘဲ ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကစားသမား ဖြစ်ရေးကိုအပြင်းထန်ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
အွန်လိုင်းမှာတင်ခဲ့တဲ့ ဟန်ဆယ်လ်ရဲ့ ရုပ်သံဖိုင်တွေကို သူဖခင်ရဲ့သူငယ်ချင်းဖြစ်သလို ဖလော်ရီဒါပြည်နယ်ရှိ Life Christian ဘတ်စကက်ဘောအသင်းရဲ့နည်းပြဖြစ်သူက တွေ့ရှိပြီးခေါ်ယူခဲ့ကာလေ့ကျင့်ပေးခဲ့ရာ ဟန်ဆယ်လ်ဟာ ပြည်နယ်ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့ကြောင်း၊ အဲဒီအချိန်မှာ ကောလိဂ်ရဲ့ဘက်စကက်ကင်းထောက်တွေက တွေ့ရှိခဲ့ပြီး တက္ကသိုလ်ကိုယ်စားပြုအသင်းဖြစ်တဲ့ Northwestern State Demons ဘတ်စကက်ဘောအသင်းအတွက် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။
အရပ် ၆ပေ ၆လက်မရှိ ဟန်ဆယ်လ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ကောလိပ်ဉ တက္ကသိုလ် ဘက်စကက်ဘော ပြိုင်ပွဲမှာ အသင်းအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ Louisiana-Monroe Warhawksအသင်းကိုအနိုင်ရအောင် လက်စွမ်းပြနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဟန်ဆယ်လ်ရဲ့အစွမ်းပြမှုတွေကြောင့် Northwestern State Demons အသင်းဟာ Louisiana-Monroe Warhawksအသင်းကို ၉၁ – ၇၃မှတ်နဲ့အနိုင်ရခဲ့ပြီး ဟန်ဆယ်လ်က အဓိကအမှတ်များရယူပေးနိုင်ခဲ့ကြောင်း၊လက်တစ်ဖက်မရှိပေမယ့်အသင်းအတွက် အမှတ်အများအပြားရယူပေးနိုင်ခဲ့တဲ့ ဟန်ဆယ်လ်ကို Northwestern State Demonsဘတ်စကက်ဘော အသင်းရဲ့ပရိသတ်တွေက အော်ဟစ်အားပေးချီးကျူးခဲ့ကြောင်း၊ အမေရိကန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။
ဟန်ဆယ်လ်က ” ကျွန်တော်ဟာ အိပ်ရာထဲလဲပြီးနောက်ပိုင်းတည်းက ပရော်ဖက်ရှင်နယ် ဘက်စကက်ဘော ကစားသမား ဖြစ်ဖို့ အပြင်းထန်ကြိုးပမ်းခဲ့တယ်။ အစွမ်းပြကစားနိုင်တဲ့အပေါ် ကျွန်တော်ရဲ့မိသားစုလည်း ဂုဏ်ယူနေမှာပါ၊ ကျွန်တော်ဟာ လက်တစ်ဖက်မရှိပေမယ့် လေ့ကျင့်မှုတွေ အပြင်းထန်လုပ်ဆောင်သွားမှာပါ၊ မျှော်လင့်ချက်တွေကို ဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ပါဘူး၊ ” လို့ပြောပါတယ်။
Ref, Oddity Central