MT News
“အသည်းကွဲ ပီယဆေး” ရုပ်သံဇာတ်လမ်းတွဲဟာ ခြောက်လှန့်ပြီး ဟာသပုံစံဖြစ်နေတဲ့ အသစ်အဆန်းဖြစ်နေလို့ ရင်ခုန်နေတယ်လို့ သရုပ်ဆောင် ထွန်းပုလဲရတနာက ပြောပါတယ်။
“ပုလဲက ဒီကားမှာ ရွာသူဆိုပေမယ့် မြို့ပေါ်ကျောင်းသွားတက်နေတဲ့ မိုးပွင့်ဖြူနေရာက သရုပ်ဆောင်ထားပါတယ်။ အဓိကတော့ အချစ်ရေးကို စိတ်မဝင်စားဘူး။ ဒီကားက နည်းနည်း အချစ်ဒရာမာ ခြောက်လန့်ဖွယ်ပုံစံလေးဆိုတော့ အချစ်ရေးကို စိတ်မဝင်စားလို့ ငြင်းထုတ်တယ်။ ကိုယ့တိုင်လည်း ဒီကားထုတ်လွှင့်နေတာကို ရင်ခုန်တယ်။ ဘာလို့လဲဆိုတော့ တခါမှမလုပ်ဘူးတဲ့ ကာရိုက်တာဖြစ်တယ်။ ပုလဲက ဒရာမာတွေပဲ ရိုက်ခဲ့တာဆိုတော့ ဒါက ခြောက်လန့်ပြီးဟာသပုံစံမို့ ပုလဲအတွက် အသစ်အဆန်းဖြစ်နေလို့ ရင်ခုန်နေပါတယ်”လို့ သူကပြောပါတယ်။
သူမဟာ “အချစ်၏ဖလှယ်ရဂုဏ်သတ္တိ” နဲ့ “Only You” ဇာတ်လမ်းတွဲနှစ်ခုလုံးမှာ ဒရာမာကာရိုက်တာနဲ့ အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့အတွက် ပရိသတ်အားပေးမှုလည်း ရရှိထားသူပါ။
“ပုလဲအတွက် သရဲကား ဟာသဆိုရင် ပထမဆုံးရိုက်ကူးထားတာပါ။ပုလဲက ဇာတ်လမ်းတွဲရိုက်ရတာ ပိုသဘောကျတယ်။ ပထမဆုံးပုလဲက ဇာတ်လမ်းတွဲ စရိုက်ပြီးသရုပ်ဆောင်ဖြစ်လာမို့လေ။ဇာတ်လမ်းတွဲ အသစ်အသစ်တွေလည်း ပုလဲက ရိုက်ချင်ပါတယ်။ဒရာမာတွေလည်း ထပ်ရိုက်ချင်ပါတယ်။ဒရာမာမှာလည်း ဒီကားထပ် ဒီကားကောင်းအောင် ထပ်ရိုက်ချင်တာပါ”လို့ သရုပ်ဆောင်ထွန်းပုလဲရတနာက ဆက်ပြောပါတယ်။