၁၃. ၅. ၂၀၂၄
Written by Pan Ei
မလေးရှားနိုင်ငံ၊ ပါဟန်ပြည်နယ်၊ ကွာလာပါဟန်ရေပြင်အရှေ့ဘက် ရေမိုင် ၂၃ဝ ခန့်အကွာမှာ တရားဝင်အလုပ်ပါမစ်မရှိဘဲ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံ Class C ငါးဖမ်းစက်လှေတစ်စင်းကို မလေးရှားရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီ (MMEA) က မေလ ၁၂ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပါဟန်ပြည်နယ် MMEA က ဒါရိုက်တာ မက်ဇ်လန် မက် ရီဂျက်ဘ် ပြောကြားချက်အရ ပုံမှန်လှည့်ကင်းပြုလုပ်နေချိန်အတွင်း အသက် ၂၁ နှစ်ကနေ ၄၅ နှစ်ကြား စက်လှေမောင်းနှင်သူတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၄ ဦးဟာ ငါးဖမ်းနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ဆေးစဉ်အတွင်း ပင်လယ်ပြင်မှာ ဖမ်းမိတဲ့ ငါး ကီလိုဂရမ် ၁၁၀၀ ခန့်ကို တွေ့ရှိခဲ့သလို ငါးဖမ်းကိရိယာတွေနဲ့အတူ ဖမ်းဆီးလာတဲ့ မြန်မာနိုင်ငံသားတွေကို တဲလုဂတ်ဒင်းဆိပ်ခံတံတားကို ခေါ်ဆောင်လာခဲ့ပြီး အမှုဖွင့် အရေးယူသွားမယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စီးပွားဖြစ် ငါးဖမ်းခြင်းဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့ မလေးရှားက ရေကြောင်းအသိုင်းအဝိုင်း အထူးသဖြင့် လှေပိုင်ရှင်တွေကို မက်ဇ်လန် က သတိပေးခဲ့ပါတယ်။
Ref; Bernama