၁၂.၅. ၂၀၂၄
Written by Thettant
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်သော Canter ယာဥ်က လမ်းဘေးဘယ်ရီယာတုံးများကို ဝင်တိုက်မိပြီး တိမ်းမှောက်၍ အမျိုးသားနှစ်ဦး စိုးရိမ်ဒဏ်ရာရများ ရရှိမှု ယနေ့ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ မေ ၁၂ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၂/၄)နှင့် (၆၂/၅)ကြားတွင် MITSUBISHI CANTER (အပြာရောင်)ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးများအား တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ယင်းတို့အား 192 ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစေခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။