November 2, 2024

၁၂.၅.၂၀၂၄
Written By Thandar

အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတဲ့ မင်းသမီး အေမီစျာန်ကတော့ ဘုရားမှာ နတ်တွေဝင်ပူးတာ သာသနာတွေပြုတာ၊ သီချင်းတွေဆိုနေခဲ့တဲ့ သူနဲ့ မတူဘဲ “ဖုန်းရွှေ” ဇာတ်ကားကြီးမှာ မေသော် ဇာတ်ကောင်တစ်ခုအနေနဲ့ အမြင်ဆန်းမယ်ထင်ပါတယ်လို့ဆိုပါတယ်။

“ ဒီဇာတ်ကားမှာ အေမီအနေနဲ့ မေသော်ဆိုတဲ့ သရဲကာရိုက်တာပေါ့။ အေမီရဲ့ Scene နည်းပေမယ့် ဇာတ်တစ်ခုလုံးကို ကိုင်လှုပ်နိုင်မယ်ပေါ့။ အေမီရထားတဲ့ ကာရိုက်တာကလည်း အရမ်းကောင်းတဲ့ ကာရိုက်တာကို ရထားတယ်လို့ ပြောလို့ရတယ်။ အေမီက အဓိက Main တွေရထားတော့ ဖုန်းရွှေက တကယ့်ကိုအနှစ်ပါပဲ။ ကိုယ့် ကိုယ်ကိုယ်ကြည့်ပြီးတော့ စိတ်ထဲမှာ တော်တော်လေးကို အဆင်ပြေပါတယ်။ ကိုယ်တိုင်ကလည်း ရသမျိုးစုံ ပရိ သတ်ကို ပေးချင်တဲ့သူပေါ့။ ဒီကားမှာ ပရိသတ်တွေ ရသမျိုးစုံ အေမီကို ဒီကားကြည့်ပြီး မြင်တွေ့ရမှာပါ ”လို့ သရုပ်ဆောင် အေမီဈာန်ကပြောပါတယ်။

သူမကတော့ ဖုန်းရွှေ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်သစ်တွေ ဖြစ်တဲ့ ထက်ယံပိုင် ၊ စိုးစံအောင် ၊ ဟန်နာ့ ၊ V V Cheng ၊ မေလန်း ၊ ဇင်ဇင်ဝင်းရံ ၊ Kitty Lay ၊ ဒေါ်ချို စတဲ့သူတွေနဲ့ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

ညကျောင်းထုတ်လုပ်ရေးက ပရိသတ်တွေအတွက် ထူးခြားမှု ရသတွေကို အမြဲဖန်တီးပေးလေ့ရှိသလို ဇာတ်လမ်း ၊ ဇာတ်ညွှန်းပိုင်းရော ဒါရိုက်တာအနေနဲ့ ညိုမင်းလွင်ရဲ့ တရုတ်စကားပြော မြန်မာသရဲကား တစ်ကား လည်းဖြစ်ပါတယ်။ အေမီဈာန်က ၂၀၂၃ ခုနှစ်အတွင်းမှာ ဖုန်းရွှေ ရုပ်ရှင်ဇာတ်ကားအပြင် အိမ်မြှောင် ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။

“အရင် အေမီကို ဘုရားမှာ နတ်တွေဝင်ပူး သာသနာတွေပြုတာ၊ သီချင်းတွေဆိုနေခဲ့တဲ့ သူနဲ့ မတူဘဲ ဒီ ဇာတ်ကားလေးမှာ မေသော်ဇာတ်ကောင်တစ်ခုအနေနဲ့ အမြင်ဆန်းမယ် ထင်ပါတယ်။ လာကြည့်ကြမယ့် ပရိသတ်ဆီက Feedback ကိုပဲ မျှော်ပါတယ်။ အေမီဈာန် ပျောက်ပြီး မေသော် ဇာတ်ကောင်မြင်ရမယ်လို့ ပြောချင်တယ်။ စိတ်ဝင်စားစရာတွေလည်း ကောင်းပါတယ်။ ကိုယ့်အနေနဲ့ အေမီက တခြားဇာတ်ကားတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ကြည့်ချင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *