November 2, 2024

၁၂.၅. ၂၀၂၄
Written by Thettant

ရန်ကုန်မြို့လယ်နဲ့ လူစည်ကားရာနေရာတွေမှာ မကြာခဏဆန္ဒပြလှုပ်ရှားမှုပြုလုပ်နေတဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ရေဘဝဲက ပုံနဲ့တကွထုတ်ပြန်ထားမှုအရ ဖမ်းဆီးခံရတဲ့ အမျိုးသမီးနှစ်ဦးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်မှာ “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါအင်္ကျီဝတ်ဆင်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသမီးသုံးဦးထဲက နှစ်ဦးပါ။ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ညနေနဲ့ ညသန်းခေါင်ကျော်အချိန်မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးဖြစ်တဲ့ ရေဘဝဲ စီမံရေးရာတာဝန်ခံကို အိမ်ပြန်လမ်းခရီးမှာ ဖမ်းဆီးပြီး ရေဘဝဲ မြေပြင်သပိတ်ရဲဘော် S4 ကို ဧည့်စာရင်းစစ်ချိန် ဖမ်းတာလို့ပြောပြီး လက်ရှိအချိန်အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်မသိရလို့ အသက်အန္တရာယ် စိုးရိမ်နေတယ်ပြောပါတယ်။

ရေဘဝဲဟာ ရန်ကုန်မှာ မကြာခဏဆန္ဒပြနေပြီး သုံးနှစ်အတွင်း ပြောက်ကျားသပိတ် ၉၁ ကြိမ်၊ အထင်ကရနေရာတွေ စာတန်းချိတ်ဆွဲမှု ၁၅ ကြိမ်၊ မြေပြင်နဲ့အွန်လိုင်းမှာ လူထုစည်းရုံးရေး ​လှုပ်ရှားမှု အကြိမ် ၁၄၀ လုပ်ထားပြီး ဒီနေ့ကျရောက်တဲ့ ရေဘဝဲရဲ့ သုံးနှစ်ပြည့် အမှတ်တရနေ့ကို ရန်ကုန်နဲ့တခြားမြို့တွေက အဖွဲ့အစည်း ၂၀ ကျော်က သဝဏ်လွှာပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *