၁၁ .၅.၂၀၂၄
Photo by Hey Mar
ဒီနေ့ မေလ ၁၁ ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်က ရွာသွန်းလိုက်တဲ့ မိုးကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အင်းစိန်ပန်းခြံမှတ်တိုင်အနီးမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ မြင်ကွင်းပါ။ အင်းစိန်စျေးကုန်းကျော်တံတားကနေ အဆင်း၊ မီးရထားဆေးရုံဝင်းအတွင်းလည်း မိုးရေလျှံနေပြီး မိုးရွာသွန်းပြီး အချိန် ၁ နာရီကျော်ကြာတဲ့အထိ ရေမဆင်းနိုင်တာမို့ ကားလမ်းပိတ်ဆို့မှုတွေလည်း လက်ရှိ ၃ နာရီ မိနစ် ၂၀ အချိန်အထိ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာပါ။