၁၇. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၏ ဘုရင်ဖြစ်သော ဗာဂျီရာလောင်ကွန်နှင့် ၎င်း၏မိဖုရား ဆူသီဒါ နှစ်ဦးစလုံးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိကြောင်း တော်ဝင်နန်းတော်ဗျူရိုမှ ထုတ်ပြန်ချက်တစ်ရပ် ဖော်ပြခဲ့သည်။
ကြေညာချက်တွင် ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခွဲ၌ ပုံမှန်အတိုင်း ဘုရင်နှင့် မိဖုရားတို့အား ဆေးစစ်မှုများပြုစဉ် ၎င်းတို့နှစ်ဦးစလုံး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ခြင်းဟု ပြောခဲ့သည်။
၎င်းတို့နှစ်ဦးမှာ ရောဂါလက္ခဏာအနည်းငယ်သာတွေ့ခဲ့ရပြီး ရောဂါမှာလည်း ပြင်းထန်ခြင်းမရှိသေးကြောင်း တွေ့ခဲ့ရသည်ဟု ကြေညာချက်ကဆိုသည်။ သို့သော် ဗိုင်းရပ်စ်ကူးစက်မှု လုံးဝပျောက်ကင်းပြီး ပြန်လည်ကျန်းမာလာသည်အထိ ဘုရင်မင်းမြတ်အနေနှင့် တော်ဝင်နန်းတော်တာဝန်များကို ထမ်းဆောင်ခြင်းမပြုရန် ဆရာဝန်များက ညွှန်ကြားခဲ့ကြသည်။
ဘုရင်မင်းမြတ်က နှလုံးရောဂါကြောင့် ဆေးရုံတင်ထားရသည့် သမီးတော်မင်းသမီးကို ကြည့်ရှုရန် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းကပင် ဆေးရုံသို့ သွားခဲ့သေးသည်။ ထိုသို့ ကူးစက်မှုဖြစ်ခဲ့သော်လည်း တော်ဝင်မိသားစုအတွင်း အခြားတစ်စုံတစ်ဦး၌ ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံရခြင်း ရှိမရှိ ကြေညာချက်တွင် ဖေါ်ပြခဲ့ခြင်းမရှိပေ။
Ref, The Thaiger