၁၁. ၅. ၂၀၂၄
Written by Pan Ei
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ သောကြာနေ့က ဘတ်စ်ကားတစ်စီး တံတားပေါ်ကနေ မိုကာမြစ်ထဲကို ပြုတ်ကျခဲ့တာကြောင့် ခရီးသည် ၇ ဦး သေဆုံးကာ အခြား ခရီးသည်အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက အဆိုပါ ဖြစ်ရပ်မှာ လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ပြောကြားခဲ့ပြီး အစောပိုင်းသတင်းတွေအရ အဆိုပါ ဘတ်စ်ကားမှာ ခရီးသည် ၂၀ လောက် တင်ဆောင်လာခဲ့ခြင်းဖြစ်ကာ လူခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဘတ်စ်ကားဟာ မြို့တော်ရဲ့သမိုင်းဝင်ဗဟိုတံတားအနီးမှာ လုံးဝနီးပါးနစ်မြုပ်သွားခဲ့ပြီး အရေးပေါ်လုပ်သားတွေ၊ အနီးနားက ကယ်ဆယ်ရေးလှေတွေနဲ့ လူနာတင်ယာဉ်တွေကလည်း တံတားပေါ်မှာ စောင့်ဆိုင်းကာ အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက ဖော်ပြထားတဲ့ဗီဒီယိုတစ်ခုမှာ ဘတ်စ်ကားဟာ တံတားပေါ်မှာ ကွေ့ပတ်သွားနေခဲ့ပြီးနောက် တံတားလက်ရန်းတွေကို ဖြတ်တိုက်ကာ ရေထဲ နစ်မြုပ်သွားတာကို မြင်တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ ဘတ်စ်ကားမောင်းနှင်သူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း RIA သတင်းဌာနက ပြောကြားခဲ့ပါတယ်။
Ref; Reuters