၁၁. ၅. ၂၀၂၄
Written By Thandar
အသက်အရွယ်အပိုင်းအခြားမရွေး နှုတ်ခမ်းနီမလေးတွေနဲ့ အမျိုးသမီးပရိသတ်တွေ တမ်းတမ်းစွဲ ချစ်ခင်အား ပေးကြတဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့အသက် ၁၈ နှစ်အရွယ်က အရိုးခြောက်ဘော်ဒီနဲ့ဆိုတော့ Runway model အနေနဲ့ ဘယ်သူမှ မငှါးကြဘူးလို့ ပြန်ပြောင်း ရင်ဖွင့်လာပါတယ်။
“ဒါကျွန်တော် ၁၈ နှစ်သားတုန်းက ဆရာ John Lwin ဆီမှာ Model လုပ်နေတဲ့အချိန်ပေါ့။ အဲ့တုန်းက VCD မင်းသားတောင်မဖြစ်သေးဘူး။ ကန်တော်ကြီးဟိုတယ် ( အခုမီးလောင်သွားတဲ့ဟာ ) အောက်ထပ်မှာ Costume ပြိုင်ပွဲလုပ်တာကို ဝင်ပြိုင်တာပါ။ Valentine’s Day မှာကျင်းပတာဆိုတော့ စုံတွဲတွေ ဝင်ပြိုင်တာ များတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်မှာရည်းစားမရှိတော့ ဒီပုံထဲက ကျွန်တော့် သူငယ်ချင်းနဲ့ နှစ်ယောက်တိုင်ပင်ပြီး ဝင်ပြိုင်တာ ပထဆုရတယ် ကိုယ့်လူရေ အထင်တော့မသေးနဲ့ ဦး( ကျွန်တော့် သူငယ်ချင်းလေးကတော့ အဲဒီနှစ်လောက်မှာပဲ အဆုတ်ရောဂါနဲ့ ဆုံးရှာပါတယ် )။ နောက် ပိုင်းမှာတော့ Karaoke VCD တွေ ခေတ်စားလာပြီး ကျနော်လည်း Music Video သရုပ်ဆောင်တာပဲ ဆက်လုပ်ဖြစ်တယ်။ အဲဒီတုန်းက အရိုးခြောက် ဘော်ဒီနဲ့ ဆိုတော့ Runway model အနေနဲ့လည်း ဘယ်သူမှ မငှားကြဘူးလေ”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်သိအောင် Post တင် ရင်ဖွင့်လာပါတယ်။
သူတင်တဲ့ Post အောက်မှာတော့ ချစ်ပရိသတ်တွေက “အသိပညာပြည့်စုံတဲ့ အသိုင်းအဝိုင်းက လူမို့လို့ ပညာသားပါပါ ပြောတတ်တယ်” “ ရိုးရိုးသားသားပဲ ပြောတာပါဗျာ” ။ “ကျန်ကျောင်းဇာတ်လမ်းတွဲ ပြန်ရိုက်ပေးပါ” “ဒီလူ အချွန်နဲ့ လိုက်မနေတာနော်” ၊ “ဟမ် အာ့အရိုးခြောက်လေးကိုပဲ တခုပ်တရ အားပေးခဲ့ကြတာလေ” “ အခုက သုံးထပ်သားဖြစ်နေပြီ” ၊ “ဟာ မိုက်တာပေါ့ အချိန်ရရင် Emotional Damage ဆိုတာလေး ဗီဒီယိုရိုက်ပြပါလား ကွီးစိုင်းရဲ့ အက်တင်စကေးတွေ မကြည့်ရတာကြာလို့” “ အခု မှော်ဝင်ဖိတ်စာ ထွက်ထားတာပဲ အရင်ကြည့်ပါ ” စတာတွေ အပြန်အလှန် ပြောဆိုထားကြပါတယ်။