October 20, 2024

၁၁. ၅. ၂၀၂၄
Written By Thandar

ခင်ငြိမ်းချမ်း ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကို ရရှိလာတဲ့ သရုပ်ဆောင် ရွှေသမီးကတော့ ဆောင်တော်ကူး ဇာတ်လမ်းတွဲမှာ စိတ်ဓာတ်အောက်ဆုံးပြုတ်ကျတဲ့ အမျိုးသမီးမေဦးနေရာမို့ ရင်ထဲဆို့နင့်ပြီး သရုပ်ဆောင်ထားရတယ်လို့ဆိုပါတယ်။

“ဆောင်တော်ကူးဇာတ်လမ်းတွဲမှာက မေဦးကာရိုက်တာ။ ငယ်စဥ်ကတည်းက ပိုက်ဆံရှိ သူဌေးသမီးလေးပေါ့။ ရတဲ့ ယောက်ျားကလည်း ကိုယ်နဲ့ အသိုင်းအဝိုင်းတူတွေထဲက လက်ထပ်ခဲ့ကြတယ်။ သူ့ဘဝက ချမ်းချမ်းသာသာနေခဲ့ရပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ ကိုယ့်လက်ထပ်ယူထားတဲ့ အမျိုးသားက ကွယ်လွန်တဲ့အချိန် ဒီလိုအဖြစ်တွေကြုံရတယ်။ နောက် မေဦးမှာက သားသမီးဇော လည်း ရှိတော့လေ။ စိတ်ဓာတ်အောက်ဆုံးပြုတ်ကျတဲ့ အမျိုးသမီးမေဦးနေရာမို့ ရင်ထဲဆို့နင့်ပြီး သရုပ်ဆောင်ထားရ တယ်” လို့ သရုပ်ဆောင် ရွှေသမီးက ပြောပါတယ်။

သူမကတော့ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဆောင်တော်ကူး ဇာတ်လမ်းတွဲမှာ ကောင်းပြည့် ၊ စင်ဒီမြတ် ၊ တိုင်ရွန် ၊ မင်းတော်ဝင် စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ ရွှေသမီးကတော့ သုံးပွင့်အချစ်ဇာတ်လမ်းတွေဆို မရိုက်ချင်စိတ်ဖြစ်မိလာတယ်လို့ ဆိုပါတယ်။ လတ်တလော အနုပညာ လှုပ်ရှားမှုတွေကို ခပ်စိတ်စိတ်လေး လုပ်ကိုင်လျှက်ရှိသူလည်း ဖြစ်ပါတယ်။

“အခုနောက်ပိုင်းတော့ ရွှေ့အနေနဲ့ သုံးပွင့်ဆိုင်တို့ အဲလို နည်းနည်းရှုပ်တာတွေ သိပ်မရိုက်ချင်တဲ့ စိတ်ဖြစ်တယ်။ ဒါပေမယ့် ဇာတ်ဖတ်ကြည့်နေတဲ့အချိန်မှာကို စိတ်က ဖြစ်လာတာပါ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့ လေးတွေပါတယ်။ ဇာတ်ကလည်း အရမ်းကောင်းတယ်။ ကိုယ့်ကို ချစ်တဲ့ သူတစ်ယောက်က အဲလိုမျိုးကြီး ဖောက်ပြန်တယ်လို့ သိလိုက်ရတာလေ။ အဲဒီ ခံစားချက်ကတော့ ဒီကားထဲက မေဦး ဇာတ်ကောင်ကာရိုက်တာကို သနားပြီးရင်းကို သနားမိတာပါ” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *