October 20, 2024

၁၁. ၅ .၂၀၂၄
Written by Hey Mar

အရှိန်ပြင်းမောင်းနှင်လာတဲ့ ပါဂျဲရိုးကားက ရပ်ထားတဲ့တွဲကားနောက်ပိုင်းကို တိုက်မိပြီး မောင်းနှင်သူသေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က မေလ ၁၀ ရက် ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၇)လမ်းထိပ်မှာ ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။

ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၇)လမ်းထိပ်မှာ ရပ်ထားတဲ့ တွဲကားကို တောင်ဒဂုံဘက်ကနေ အရှိန်နဲ့မောင်းနှင်လာတဲ့ အိမ်စီးကားပါဂျဲရိုးအမျိုးအစားက ဝင်တိုက်မိကာ လူညပ်နေကြောင်း ပြည်သူတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားလာတာကြောင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က အချိန်နဲ့ တစ်ပြေးညီထွက်ခွာပြီး အခင်းဖြစ်နေရာမှ ထိခိုက်ဒဏ်ရာရရှိထားသူ အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦးကို အသက်သေဆုံးလျှက် ကားထဲကနေဆွဲထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက” တွဲကားနောက်ပိုင်းကို တိုက်ပြီး အရှိန်က ဘယ်လောက်တောင်ပြင်းလဲဆိုရင် ကားကနောက်ပြန်လိမ့် လည်ထွက်ပြီး လမ်းမှန်ကနေ သွားနေတဲ့ နောက်ထပ်ကွန်တိန်နာတစ်စီးရဲ့ ခါးလည်ကို ခေါင်းနဲ့ ထပ်တည်ပြီး တိုက်ပြန်တာ။ ယာဥ်လည်း ဆိုးဆိုးရွားရွား ပျက်စီးတယ်။ လူလည်း ရစရာမရှိဘူး။ ဦးခေါင်းကွဲကြေနဲ့ ကျောရိုးကျိုးပြီး ခုံးထသွားတယ်။ နေရာတင်သေနေပါပြီ။ အလောင်းဆွဲထုတ်ရတာ&လို့ MT News ကို ပြောပါတယ်။

တိုက်မိတဲ့ယာဥ်ကို ယာဥ်မှုစစ်က စစ်ဆေးရာ ပုဇွန်တောင်မြို့နယ်ကလို့ သိရှိရပြီး မိသားစုနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းခဲ့ကာ ရုပ်အလောင်းကိုတော့ သာကေတလူမှုကူညီရေးအဖွဲ့နဲ့ မိတ်ဖက်ပရဟိတအသင်းတွေ ပူးပေါင်းကာ ကားအတွင်းမှ သယ်ထုတ်ပြီး အောင်နိုင်သူလူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *