October 20, 2024

၁၁.၅.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ဆိုင်ကယ်များကို လှည့်လည်ခိုးယူနေသည့်အဖွဲ့ကို မေလ ၉ ရက် ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာလယ်လမ်းမပေါ်တွင် ​မေလ ၅ ရက်နေ့က ခိုးမှုကျုးလွန်လေ့ရှိသူ အသက် ၂၀ အရွယ် ခန့်သူရလင်း (ခ) အငယ်ကောင် (ခ) အိုက်ဒန်းကို ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရာမှ အုပ်စုလိုက် ဆိုင်ကယ်ခိုးယူမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“အိုက်ဒန်းက ဆိုင်ကယ်ကို ဝမ်ကောင်းရပ်ကွက်ထဲက အငှားလိုင်းခန်းတစ်ခုက​နေ ယူလာတာ။ သူနဲ့ဆက်စပ်ပြီး စုံစမ်းရာကနေ ၄ ယောက်လုံးကို ဖမ်းမိတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယင်းနောက် မေလ ၉ ရက် ညနေ ၄ နာရီကျော်က တာချီလိတ်​မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာလယ်လမ်း၊ ရဲစိုက်ခင်းအနီးတွင် ခိုးမှုများ အတူကျုးလွန်သူ အသက် ၂၉ နှစ်အရွယ် အာကာဦး(ခ)မောင်ဝ၊ အသက် ၂၀ အရွယ် သီဟ၊ အသက် ၁၉ နှစ်အရွယ် အေးကိုတို့ကို ဆိုင်ကယ် ၁၃ စီးဖြင့် ထပ်မံဖမ်းမိခဲ့ကြောင်း သိရှိရသည်။

ရပ်ကွက်ကျေးရွာများတွင် ဆိုင်ကယ်လှည့်လည်ခိုးယူသူ လူငယ် ၄ ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ကာစစ်ဆေးနေပြီး တာဝန်ရှိသူများက ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *