၁၇. ၁၂. ၂၀၂၂
Written by Nay Aung
အင်္ဂလန်က အသက် ၁၃ နှစ်အရွယ် Scruff အမည်ရှိ ခွေးကလေးဟာ အခြားခွေးနဲ့မတူ သခင်နဲ့ နေ့စဉ်လမ်းလျှောက်ချိန် လမ်းမှာ စွန့်ပစ်ထားတဲ့ ပလက်စတစ် ဘူးခွံတွေ ကောက်ချီလာပြီး လမ်းကိုသန့်ရှင်းအောင်ပြုလုပ်နေတဲ့ ခွေးအဖြစ် ချီးကျုးခံနေရပါတယ်။
ဒီခွေးလေး Scruff ကို ချစ်ခင်သူတွေက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့ခွေးအဖြစ် ချစ်စနိုးခေါ်ဆိုကြပါတယ်။ Scruff ကို အင်္ဂလန်နိုင်ငံ Nuneaton မြို့က ဒေးဗစ်ဂရမ်နဲ့ ဖောက်ကနာဂရမ် ဇနီးမောင်နှံက ၂၀၀၉ ခုနှစ်မှာ ဝေးလ်နိုင်ငံ မွေးမြူရေးခြံက ကောက်ယူမွေးစားခဲ့တာပါ။
Scruff ဟာ သခင်နဲ့ လမ်းလျှောက်ထွက်တိုင်း လမ်းသန့်ရှင်းစေဖို့ စွန့်ပစ်ပလတ်စတစ်ဘူးခွံတွေ ကိုက်ချီ သယ်ဆောင်တာကို အစောပိုင်းမှာ သခင်တွေက သတိမထားမိပေမဲ့ သတိထားမိချိန်မှာ ခွေးကလေး စွန့်ပစ်ဘူးခွံ့ ကိုက်ချီယူဆောင်တာကို ခွင့်ပြုခဲ့ကြပါတယ်။
ခွေးကလေး Scruff ကိုက်ချီသန့်ရှင်းရေးလုပ်ခဲ့တဲ့ ဘူးခွံအရေတွက်ဟာ ၂၀၂၂ ခုနှစ်အတွင်း ၁၀၀၀ ကျော် ရှိနေပြီး သခင်ဖြစ်သူ ဖောက်ကနာဂရမ့်က “ခွေးကလေးဟာ လမ်းလျှောက်ရင်း လမ်းရဲ့အခြားတစ်ဖက်မှာလည်း စွန့်ပစ်ထားတဲ့ ပလတ်စတစ်ဘူးခွံ ရှိ မရှိကို ရှာဖွေခဲ့တယ်။ ဒီနှစ်အတွင်းမှာ သူချီလာတဲ့ စွန့်ပစ်ပလက်စတစ့ဘူးခွံပေါင်း ၁၀၀၀ ကျော်ရှိတယ်။ ခွေးကလေး Scruff ရဲ့ စွန့်ပစ်ပလတ်စတစ်ဘူးတွေ ကောက်ယူတဲ့အကျင့်နဲ့ လှုပ်ရှားမှုတွေကို Facebook ပေါ်တင်ခဲ့ရာမှာ ခွေးကလေးကို သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားတဲ့ခွေးအဖြစ် ချီးကျူးတာမျိုးတွေလည်း ရှိခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။
Ref, Yahoo