October 20, 2024

၃.၅.၂၀၂၄
Written By Thandar

ပရိသတ်အားပေးချစ်ခင်မှုများစွာ ရရှိလာတဲ့ သရုပ် ဆောင် သံသာမိုးသိမ့်ကတော့ လက်ရှိအိမ်ထောင်ပြုရမယ့်အရွယ် ရောက်နေပေမယ့် Red Flag အကြီးစားလို့ပြောခဲ့သလို ဘယ်အရာကိုပဲလုပ်လုပ် ဘဝမှာ နောင်တဆိုတဲ့ အရာမရှိဘူးလို့ ဆိုပါတယ်။

“သံသာ အနေနဲ့ သီချင်းသစ်တွေ တစ်ပုဒ်နဲ့တစ်ပုဒ် ရသမတူအောင် ပရိသတ်ဆီကို အရောက်ပို့ပေးဖြစ်တာပါ။ သံသာကတော့ အချစ်အပေါ်ခံစားချက်ကရော သိပ်ပြီး ပြတ်ပြတ်ပဲ ပြောတတ်တဲ့သူပေါ့။ သံသာရဲ့ အသက်အရွယ်ကလည်း အိမ်ထောင်ပြုရမယ့် အရွယ်တစ်ခုကိုတော့ ရောက်နေပါပြီ။ သံသာ့ စိတ်က အမျိုးမျိုး ပြောင်းနေတာ။ သံသာကတော့ အကောင်းဆုံးနေထိုင်ပေမယ့် အချစ်ရေးမှာ တစ်ခါတလေပေါ့ ကြိုပြောထား တယ်။ သံသာက Red Flag အကြီးစားလို့တော့ ကြိုပြောထားတယ် ”လို့ သရုပ်ဆောင် သံသာမိုးသိမ့်က ပြောကပါတယ်။

သူဟာ အဆိုတော် ထက်ယံနဲ့ အတူ “ချစ်ခွင့်မရှိတောင် ချစ်ဖို့ပဲလိုတယ်”သီချင်းတစ်ပုဒ် ထွက်ရှိထားပြီး မကြာသေးခင်က “မင်းမချစ်တဲ့ ငါ” သီချင်းတစ်ပုဒ်ထပ်မံ ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ သံသာမိုးသိမ့်ကတော့ လက်ရှိ အောင်ရေချမ်း ၊ ဝင့်ယမုံနိုင်တို့နဲ့အတူ ရိုက်ကူးထားတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲလည်း MRTV-4 ရုပ်သံလိုင်းက ပြန်လည်ထုတ်လွှင့်ရှိပါတယ်။ ဒါ့ပြင် သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ဆက်တိုက် ဆိုသလို ရိုက်ကူးနေလျှက်ရှိနေတယ်လို့ သိရပါတယ်။

“သံသာက အရာရာကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့သူတစ်ယောက်ပေါ့။ ကိုယ်လည်း အသက် ၂၅ နှစ်ကျော်ပြီးနောက် မှန်နေရင်တော့ အရာရာပြောရဲတယ်။ တစ်ခါတလေ မှားနေရင်လည်း တောင်းပန်ရဲတယ်။ သံသာ့ ဘဝမှာနောင်တဆိုတာမျိုး မရှိဘူး။ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်တာပါ။ မိဘက သံသာလုပ်ချင်တာ အကုန်အလိုလိုက်ပြီး လုပ်ခွင့်ပေးထားတယ်လေ။ လူဆိုတာ မှားတဲ့အရာတွေလည်း ရှိတာပဲလေ။ သံသာ ဘယ်အရာကိုပဲ လုပ်လုပ် သံသာ့ဘဝမှာ နောင်တဆိုတဲ့ အရာမရှိဘူး ” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *